Myanmar Association of Japan Alumni ( MAJA )

MAJA ၏ နှစ် (၂၅) သို့မဟုတ် ငွေရတုခရီးစဉ်၏ အမှတ်တရ စကားများ


မြန်မာနိုင်ငံ ဂျပန်ပြန်ကျောင်းသားဟောင်းများအသင်း (MAJA) ကို ၂၀၀၁ ခုနှစ် အမျိုးသားနေ့မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်နေ့မှာတော့ အသင်းကြီးရဲ့ (၂၅) နှစ်မြောက် ငွေရတု (Silver Jubilee) တိုင်ခဲ့ပြီ ဖြစ်ပါတယ်။

နှစ်ပေါင်း (၂၅) နှစ်တာ ကာလအတွင်း မြန်မာ-ဂျပန် နှစ်နိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု ချစ်ကြည်ရေးတံတားကို ခိုင်မာစွာ တည်ဆောက်နိုင်ခဲ့သလို၊ မြန်မာလူငယ်ပေါင်း များစွာရဲ့ အနာဂတ်အိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်ခဲ့တာဟာ MAJA ရဲ့ ဂုဏ်ယူဖွယ်ရာ အဓိက မှတ်တိုင်တစ်ခုပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ MAJA ၏ ၂၅ နှစ်မြောက် ငွေရတုအထိမ်းအမှတ်အဖြစ် အသင်းကြီး၏ သမိုင်းဝင် အမှတ်တရများ၊ ဂျပန်ဘာသာစကားနှင့် ပညာရေးဆိုင်ရာ ကြိုးပမ်းမှုများ၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများနှင့် အနာဂတ် မျိုးဆက်သစ်များအတွက် လမ်းညွှန်ဩဝါဒစကားများကို နာယကကြီး ဦးမြင့်ဝေ၊ ဒေါ်စီစီရှိန် နှင့် ဦးမျိုးခင် တို့မှ သီးသန့် မေးမြန်းတင်ဆက်ထားသည့် အထူး Interview ဗီဒီယိုကို မျှဝေပေးလိုက်ပါတယ်။

📌 Video တွင် ပါဝင်သည့် နာယကကြီးများ၏ အထူးအင်တာဗျူး အစီအစဉ် -
🔹 ဦးမြင့်ဝေ (ဦးဆောင်နာယက) - MAJA စတင်တည်ထောင်ခဲ့စဉ်က သမိုင်းဝင် အမှတ်တရများနှင့် အနာဂတ်ခေါင်းဆောင်သစ်များအတွက် လမ်းညွှန်ဩဝါဒစကား
🔹 ဒေါ်စီစီရှိန် (နာယက) - MAJA Education Centre နှင့် ဂျပန်ဘာသာသင် ဆရာ/ဆရာမများ ပြုစုပျိုးထောင်ရေးနှင့် ဂျပန်ဘာသာပညာရေးအဆင့်အတန်း မြှင့်တင်ရေး ကြိုးပမ်းမှုများ
🔹 ဦးမျိုးခင် (နာယက) - အသင်း၏ အဓိက လှုပ်ရှားမှုများဖြစ်သည့် JLPT, MEXT, ASCOJA / ASJA International အပါအဝင် အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာ ချိတ်ဆက်မှုများ

MAJA ၏ (၂၅) နှစ်မြောက် ငွေရတုအမှတ်တရမှသည် အနာဂတ် မျိုးဆက်သစ်များ၏ အလင်းရောင်အတွက် ဆက်လက်၍ လက်တွဲလျှောက်လှမ်းသွားပါမည်။ 🌸

 2026-10-28 00:00:00
MAJA ၏ နှစ် (၂၅) သို့မဟုတ် ငွေရတုခရီးစဉ်၏ အမှတ်တရစကားများ
visitors :      322,262