Myanmar Association of Japan Alumni ( MAJA )

Online washoku seminar အစီအစဉ်မှတစ်ဆင့် Washoku ဂျပန်ဟင်းလျာများကို လွယ်ကူစွာ ချက်ပြုတ်ပြီး ထဲထဲဝင်ဝင် နားလည်သဘောပေါက်စေရန် မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။


Washoku ခေါ် ဂျပန်ဟင်းလျာများသည် ယခုအခါ ကမ္ဘာတစ်ဝှမ်းတွင် လူသိများလာလျက်ရှိပြီး ဂျပန် ဟင်းလျာများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ဆူရှီ၊ တန်ပူရာနှင့် ရာမန်ခေါက်ဆွဲတို့ကို လူသိ များကြ သော်လည်း washoku ၏အဓိကဆွဲဆောင်မှုဖြစ်သည့် ချက်ပြုတ်နည်း၊ အနံ့အရသာနှင့် အသုံးပြုသည့် ပစ္စည်းများကိုမူ ထဲထဲဝင်ဝင် မသိရှိကြသေးပေ။ ထို့အပြင် နိုင်ငံရပ်ခြားမှ ဂျပန်စားသောက်ဆိုင်များတွင် ဈေးနှုန်းမြင့်မားသည့် ဂျပန်အစားအစာများကိုသာ ဝယ်ယူစားသုံးနိုင်ပြီး ဈေးအသင့်အတင့်ဖြင့် အလွယ် တကူဝယ်ယူစားသုံးနိုင်ခြင်းမရှိပေ။ အလားတူအခြေအနေကို မြန်မာနိုင်ငံတွင်လည်း တွေ့ရမည်ဖြစ် သည်။ ထို့ကြောင့် ယခု Online washoku seminar အစီအစဉ်မှတစ်ဆင့် Washoku ဂျပန်ဟင်းလျာများကို အကုန်အကျမများပဲ မိမိအိမ်မှာ လွယ်ကူစွာ ချက်ပြုတ်ပြီး Washoku အကြောင်းကို ထဲထဲဝင်ဝင် နားလည်သဘောပေါက်စေရန် မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။

မြန်မာဘာသာပြန်ထားရှိပေးမည်ဖြစ်သည်။ အောက်ပါလင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းရန် လိုပါသည်။

နေ့ရက် : အောက်တိုဘာလ ၂၃ ရက် (စနေနေ့)

အချိန် : နေ့လည် နာရီ

စာရင်းပေးသွင်းရန်: https://forms.gle/44TVTPqjZKDmi5Kj9

Platform : Zoom (အီးမေးလ်မှတစ်ဆင့် Zoom ID နှင့် password ကို ပို့ပေးပါမည်။)

ဟောပြောမည့်သူ၏ ကိုယ်ရေးအကျဉ်းချုပ်

မစ္စ ဟာယာမိ ယိုကိုသည် တိုခုရှီးမား ဘွန်းရီ တက္ကသိုလ်၊ အိမ်တွင်းစီးပွားရေးဌာနမှ ဘွဲ့ရခဲ့သည်။ ဆေးရုံတွင် အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်တွင် ရန်ကုန်၌ ချက်ပြုတ်နည်းသင်တန်းကို ဖွင့်ခဲ့သည်။ ထို့အပြင် မြန်မာဟင်းလျာ၏ ပါဝင်ပစ္စည်းများကို အသုံးပြုပြီး ဂျပန်ဟင်းလျာ၊ မြန်မာ၊ အာရှနှင့် အခြားနိုင်ငံများရဲ့ ဟင်းလျာများကို ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် ပုံစံတင်ဆက်မှုဖြင့် မိတ်ဆက်ပေးလျက်ရှိသည်။ ဟာယာမိစံသည် ချက်ပြုတ်နည်းအသစ်နှင့် ကျန်းမာရေးနှင့်ညီညွတ်စွာ စီမံခန့်ခွဲတတ်မှုတို့နှင့်ပတ်သတ်ပြီး ဆောင်းပါးရေးသားခဲ့ပြီး ကုမ္ပဏီလုပ်ငန်းများ၏ အစားအသောက် အကျွေးအမွေးပိုင်းအတွက် ဟင်းလျာချက်ပြုတ်နည်းအသစ်များကို ဖန်တီးလျက်ရှိသည်။

 2021-10-16 00:00:00
1. (၆) ကြိမ်မြောက် ဂျပန်သီချင်းဆိုပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်လျှောက်လွှာ 2. အသုံးပြုသူအချက်အလက် ပြန်လည်ပြင်ဆင်ခြင်း (တစ်ဦးချင်းလျှောက်ထားသူများ) 3. “Request Special Testing Accommodation” နှင့်ပတ်သတ်၍
visitors :      261,063