Myanmar Association of Japan Alumni ( MAJA )

MEXT-ASJA ကျောင်းသားများကနေ ဦးစီးပြီးလုပ်တဲ့ ပွဲတစ်ပွဲကို ဖိတ်ကြားခြင်း


MEXT-ASJA ကျောင်းသားများကနေ ဦးစီးပြီးလုပ်တဲ့ ပွဲတစ်ပွဲကို ဖိတ်ကြားခြင်း

အားလုံးပဲမင်္ဂလာပါ။ ကျွန်တော်တို့ MEXT-ASJA ကျောင်းသားများကနေ ဦးစီးပြီးလုပ်တဲ့ ပွဲတစ်ပွဲကို ဖိတ် ချင်ပါတယ်။

ASJA ဆိုတဲ့ အဖွဲ့အစည်း အကြောင်းကိုတော့ MAJA ကတဆင့် လာသူများကတော့ ကြားဖူးကြမယ် ထင်ပါတယ်။ သူက တစ်နှစ်ကို အာဆီယံဆယ်နိုင်ငံက Research student ကျောင်းသား/သူ နှစ်ဦးစီ (undergrad က လူအရေအတွက်မသတ်မှတ်ထား) ကို MEXT scholarship ထောက်ပံ့ပေးပြီး ASEAN-Japan ရင်းနှီးမှု၊ ယဉ်ကျေးမှု ဖလှယ်ရေးများအတွက် activities တွေလုပ်ပါတယ်။

အခုလုပ်မယ့်ပွဲကတော့ ASEAN Matsuri လို့ခေါ်ပြီး ၂နှစ်တစ်ကြိမ်ပြုလုပ်ပါတယ်။ ပွဲအစအဆုံးနီးပါးကို ကျွန်တော်တို့ကျောင်းသားတွေကပဲ ဦးစီးပြီးတော့ ပြင်ဆင်ထားတာဖြစ်ပြီး အာဆီယံ နိုင်ငံတွေရဲ့ ယဉ်ကျေးမှုတွေကို Performance မျိုးစုံကတဆင့် ကြည့်ရှုရမှာဖြစ်ပါတယ်။

ဒီနှစ်ကတော့ Covid-19 ကြောင့် Online streaming အနေနဲ့လုပ်မှာဖြစ်ပြီး website: https://asja.gr.jp/fes21  ကတဆင့် အခမဲ့စာရင်းပေးပြီး ကြည့်ရှုလို့ရပါတယ်။

Program တွေက ဂျပန် audience ကိုဦးတည်ပြီး ပြင်ဆင်ထားတာဖြစ်လို့၊ ဂျပန်စာ လေ့လာနေသူများ အတွက်လည်း စိတ်ဝင်စားဖို့ ကောင်းမှာ, အကျိုးရှိမှာ သေချာပါတယ်။

တဆင့်ပြန်ရှဲပေးခြင်း၊ ပတ်ဝန်းကျင်မှာ သူငယ်ချင်း၊ မိသားစုတွေ၊ ASEAN သားတွေ၊ ASEAN နဲ့ပတ်သက်ပြီး စိတ်ဝင်စားသူတွေရှိရင်လည်း ရှဲပေးခြင်းဖြင့် ကူညီကြပါဦး။

https://www.facebook.com/asjaaseanfest/posts/3727911000766695

 2021-11-08 00:00:00
၂၀၂၅ ဒီဇင်ဘာလ JLPT စာ​​မေးပွဲအတွက် ​လျှောက်လွှာတိုးမြှင့်လက်ခံရာတွင် ​​လျှောက်လွှာကုန်သွားသည့် Level များအား အသိပေး ​ကြေငြာခြင်း
visitors :      216,604