MAJA စတင်တည်ထောင်သည့် နှစ် ၂၀ ပြည့် အထိမ်းအမှတ် အနေဖြင့် ဂျပန် Scholarship Program များနှင့် Exchange Program များအကြောင်း ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်နေ့တွင်ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
Scholarship အစီအစဥ်တွင် အောက်ပါ Program များ ပါဝင်သွားမည်ဖြစ်သည်။
(1) Honda Y-E-S Program
(2) Asahi Scholarship Society
(3) Okayama University Japan Educational Information Center (OJEIC)
(4) Japanese Government (MEXT) Scholarship
Exchange Program တွင် အောက်ပါ Program များ ပါဝင်သွားမည်ဖြစ်သည်။
(1) Hitachi Young Leaders Initiative (HYLI)
(2) Toshiba Youth Club Asia (TYCA)
(3) Asian-Pacific Children's Convention (APCC)
(4) The Asia Kakehashi Project
ဟောပြောမည့်အကြောင်းအရာများမှာ
(၁) Scholarship နှင့် Exchange program လျောက်ရန်လိုအပ်ချက်များ၊
(၂) အတွေ့အကြုံများ၊ အခက်အခဲများနှင့်
(၃) ရရှိခဲ့သောအကျိုးကျေးဇူးများကို မျှဝေပေးမည် ဖြစ်ပါသည်။
အမေးအဖြေ အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပါသောကြောင့် စိတ်ပါဝင်စားသူ၊ မည်သူမဆို စာရင်းပေးသွင်း တက်ရောက်နိုင်ပါသည်။
လူဦးရေသတ်မှတ်ထားပါသောကြောင့် အမှန်တကယ်တက်ရောက်လိုသူများ၊ အမှန်တကယ် တက်ရောက်လိုသော Program ကိုသာ အောက်ပါ Google Form ကိုဖြည့်သွင်းစာရင်း ပေးသွင်းပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(***၂ခုစလုံးတက်ရောက်လိုပါက ၂နေရာ စာရင်းပေးသွင်းရပါမည်။)
Scholarship Program Webinar
ကျင်းပမည့်နေ့- ဒီဇင်ဘာလ(၁၈)ရက်၊ ၂၀၂၁ခုနှစ်
ကျင်းပမည့်အချိန်- နံနက်(၁၀:၀၀) နာရီ မှ ( ၁၂:၀၀) အထိ
ကျင်းပမည့်ပုံစံ - Online (Zoom Application)
တက်ရောက်ရန်စာရင်းပေးသွင်းရမည့် Link>>> https://forms.gle/MvSbzWStCjZwRdMj8
Exchange Program Webinar
ကျင်းပမည့်နေ့- ဒီဇင်ဘာလ(၁၈)ရက်၊ ၂၀၂၁ခုနှစ်
ကျင်းပမည့်အချိန်- နေ့လည် (၀၁:၀၀) မှ (၃:၃၀) အထိ
ကျင်းပမည့်ပုံစံ - Online (Zoom Application)
တက်ရောက်ရန်စာရင်းပေးသွင်းရမည့် Link>>> https://forms.gle/Sh54ryS1L1i42zbu9
ဆွေနွေးပွဲတွင်တက်ရောက်လိုသူများသည် Zoom Application ကို Download ပြုလုပ်ထားရန်လိုအပ်ပါသည်။ တက်ရောက်ရန် စာရင်းပေးသွင်းထားသူများအား Registration Form တွင် ဖြည့်ထားသော Email မှတဆင့် zoom link အားပေးပို့သွားမည်ဖြစ်ပါသည်။