Myanmar Association of Japan Alumni ( MAJA )

(1) ဂျပန်ဘာသာသင်တန်းကျောင်းနှင့်ပတ်သက်၍ စစ်တမ်းကောက်ယူခြင်း။ (2) ဂျပန်တက္ကသိုလ်တွေအကြောင်း သိချင်တဲ့သူတွေ ဂျပန်စကားမလိုဘဲ အင်္ဂလိပ်ဘာသာနဲ့ ကျင်းပပေးမယ့် Student Exchange Meeting


(1) ဂျပန်ဘာသာသင်တန်းကျောင်းနှင့်ပတ်သက်၍ စစ်တမ်းကောက်ယူခြင်း။

၁။ အထက်အကြောင်းအရာ ပါကိစ္စနှင့် ပတ်သက်၍ ဂျပန်ဖောင်ဒေးရှင်း (Japan Foundaition) မှ မြန်မာနိုင်ငံတစ်ဝန်းရှိ ဂျပန်ဘာသာ သင်တန်းကျောင်းများသို့ ကျောင်းနှင့် ပတ်သက်သော အချက်အလက် များကို စစ်တမ်းကောက်ယူလျက်ရှိပါသည်။

၂။ စစ်တမ်းကောက်ယူခြင်နှင့် ပတ်သက်ပြီး Japan Foundation Yangon မှ Email ဂျပန်ဘာသာ သင်တန်းကျောင်းများသို့ ပေးပို့ထားပြီးဖြစ်ပါသည်။

၃။ အဆိုပါစစ်တမ်းသည် Japan Foundaition မှ နိုင်ငံအားလုံးအတွက် () နှစ်တစ်ကြိမ်ကောက် ယူလျက် ရှိသော စစ်တမ်းဖြစ်ပြီး၊ နိုင်ငံတစ်နိုင်ငံ၏ ဂျပန်ဘာသာ သင်ကြားရေးအခြေအနေအား ပြသသော စစ်တမ်း ဖြစ်ပါသဖြင့် ဂျပန်ဘာသာသင် သင်တန်းကျောင်းများအနေဖြင့် အားလုံးဖြေကြားပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

----------------------------------------------------------------------------

ကျောင်းအမည်: *******

Login ID: *******

Japan Foundation မှ ကျောင်းတစ်ကျောင်းခြင်းစီ အတွက် ဂျပန်ဘာသာဖြင့် Email ပို့ထားရာတွင် ဖော်ပြထားပါသည်။ မသိရှိပါက [email protected] သို့ Email ဖြင့် စုံစမ်းမေးမြန်းနိုင်ပါသည်။

Hide quoted text

ပထမဦးဆုံး ဖြေဆိုသူများ အောက်ပါနေရာတွင် Password Register ပြုလုပ်ပါ။

https://www.japanese.jpf.go.jp/.../3256febbb3282b094ee87e...

Password Register ပြုလုပ်ပြီးသူများ အောက်ပါ URL မှ Login ဝင်ရောက်ပါ။

https://www.japanese.jpf.go.jp/

Manual for the Survey

https://www.japanese.jpf.go.jp/survey2021/guide

ကူညီဆောင်ရွက်မှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

 

(2) ဂျပန်တက္ကသိုလ်တွေအကြောင်း သိချင်တဲ့သူတွေ ဂျပန်စကားမလိုဘဲ အင်္ဂလိပ်ဘာသာနဲ့ ကျင်းပပေးမယ့် Student Exchange Meeting

အားလုံးပဲ မင်္ဂလာပါ။ အခုတစ်ခေါက်မှာတော့ ဂျပန်တက္ကသိုလ်တွေအကြောင်း သိချင်တဲ့သူတွေ

ဂျပန်တက္ကသိုလ်က ကျောင်းသားဘဝကို စိတ်ဝင်စားတဲ့သူတွေ ဂျပန်က တက္ကသိုလ်ကျောင်းသားတွေနဲ့ တိုက်ရိုက်ဆွေးနွေးချင်တဲ့သူတွေအတွက်……. ဂျပန်စကားမလိုဘဲ အင်္ဂလိပ်ဘာသာနဲ့ ကျင်းပပေးမယ့် Student Exchange Meetingတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။

ဂျပန်နိုင်ငံရဲ့ Chiba University, Kanazawa University, Kumamoto University, Nagasaki University, Niigata University, Okayama Universityတို့မှာ လက်ရှိတက်ရောက်နေကြတဲ့ကျောင်းသားတွေနဲ့ ကမ္ဘောဒီးယားနိုင်ငံ Royal University of Phnom Penhက ကျောင်းသားတွေရဲ့ “What We Love about our University“ ဆိုတဲ့ခေါင်းစဉ်နဲ့ ပြုလုပ်ထားတဲ့ presentationကို YouTubeကနေ liveလွှင့်ပြမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ကျောင်းသားအချင်းချင်း အပြန်အလှန် ဆွေးနွေးဖလှယ်နိုင်မှာဖြစ်လို့ နိုင်ငံတကာ အတွေ့အကြုံ လိုချင်သူများအတွက် လက်မလွှတ်သင့်တဲ့ အခွင့်အရေးကြီး တစ်ရပ်ပဲဖြစ်ပါတယ်

ပါဝင်ချင်တဲ့သူတွေက အခုပဲ အမြန်ဆုံး စာရင်းသွင်းလိုက်ပါတော့နော်

Date and Time: Tuesday 14th DECEMBER 2021, 15:00-17:15(Japan Time, GMT+9)

* *12:30-14:45 (Myanmar)

Venue: Online (YouTube Live & Zoom)

Participation Fee: Free of charge

Program:

1. Presentation by current students of each university via YouTube Live [from Japan] Chiba University, Kanazawa University, Kumamoto University, Nagasaki University, Niigata University, Okayama University [from Cambodia] Royal University of Phnom Penh

2. Discussion & Exchange with Japanese students via Zoom

Registration from here!

https://forms.gle/ok9MsKGDDkDoFy8c6

 2021-12-10 00:00:00
၂၀၂၅ ဒီဇင်ဘာလ JLPT စာ​​မေးပွဲအတွက် ​လျှောက်လွှာတိုးမြှင့်လက်ခံရာတွင် ​​လျှောက်လွှာကုန်သွားသည့် Level များအား အသိပေး ​ကြေငြာခြင်း
visitors :      216,604