Myanmar Association of Japan Alumni ( MAJA )

MAJA EDUCATION CENTRE တွင် ဂျပန်ဘာသာစကားကို စိတ်ပါဝင်စားစွာ သင်ယူလေ့လာရင်း ဓလေ့ထုံးစံများကို နားလည်သိရှိလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဂျပန်ဘာသာစကား သင်တန်းများ ကို ဖွင့်လှစ် သင်ကြားလျက်ရှိပါသည်။


MAJA EDUCATION CENTRE တွင် ဂျပန်ဘာသာစကားကို စိတ်ပါဝင်စားစွာ သင်ယူလေ့လာရင်း ကျွမ်းကျင် တတ်မြောက်လာစေရန်၊ လက်တွေ့တွင် အသုံးချနိုင်လာစေရန်၊ ဂျပန်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို နားလည်သိရှိလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဂျပန်ဘာသာစကား သင်တန်းများ ကို ဖွင့်လှစ် သင်ကြားလျက်ရှိပါသည်။

ယခု ဖြစ်ပွားလျက်ရှိသော Covid-19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ နှင့် လက်ရှိ အခြေအနေများကြောင့် သင်တန်းများကို Zoom Application အသုံးပြုပြီး Online ဖြင့် ဖွင့်လှစ်လျက်ရှိပါသည်။

၂၀၂၂ ဇန်နဝါရီလ တွင် အောက်ပါသင်တန်းများကို ဖွင့်လှစ်မည်ဖြစ်ပါသောကြောင့် ရန်ကုန်မြို့တွင်းမှ သင်တန်း တက်ရောက်လိုသူများ အနေဖြင့် ဖုန်းဖြင့် booking ယူကာ သင်တန်းမစတင်မီ လူကိုယ်တိုင် လာရောက် (သို့) ကိုယ်စား သင်တန်း အပ်နှံခြင်းနှင့် Textbookများကို လာရောက်ထုတ်ယူပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ရန်ကုန်မြို့ မဟုတ်သောအခြားမြို့များမှ သင်တန်းတက်ရောက်လိုသူများ အနေဖြင့် လူကိုယ်တိုင် လာရောက်ရန် မလိုအပ်ပဲ၊ Online ဖြင့် သင်တန်းအပ်နှံငွေသွင်းခြင်းများ ပြုလုပ်နိုင်ပါသည်။ Textbook များကိုလည်း အမြန်ချောပို့ဖြင့် ပေးပို့ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

 2021-12-23 00:00:00
1. (၆) ကြိမ်မြောက် ဂျပန်သီချင်းဆိုပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်လျှောက်လွှာ 2. အသုံးပြုသူအချက်အလက် ပြန်လည်ပြင်ဆင်ခြင်း (တစ်ဦးချင်းလျှောက်ထားသူများ) 3. “Request Special Testing Accommodation” နှင့်ပတ်သတ်၍
visitors :      261,063