Study in Japan Fair 2022 ကို Online ကနေတဆင့် ကျင်းပပေးသွားမှာဖြစ်ပါတယ်
Study in Japan Fair 2022 ကို Online ကနေတဆင့် ကျင်းပပေးသွားမှာဖြစ်ပါတယ်
နှစ်သစ်မှာ အားလုံးပဲ မင်္ဂလာပါ.
明けましておめでとうございます!
本年の皆様のご多幸と健康をお祈り申しあげます。
日本留学を目指す皆さんの夢が叶いますように!
ဒီနှစ်မှာလည်း Study in Japan Fair 2022 ကို Online ကနေတဆင့် ကျင်းပပေးသွားမှာဖြစ်ပါတယ်.
ဒီပွဲမှာတော့ ဂျပန်နိုင်ငံရဲ့ကျောင်းပေါင်း ၅၃ကျောင်း ကပါဝင်ပေးသွားမှာဖြစ်ပြီး
January လ 17ရက်နေ့ကနေစပြီး registration ကိုစတင်နိုင်ပါပြီ.
Registration နဲ့ပတ်သတ်ပြီးအသေးစိတ်ကတော့ January လထဲမှာ Facebook ကနေပဲထပ်မံအသိပေးသွားမှာပါ
Study in Japan Website မှာဆိုရင်တော့အရင့်အရင်နှစ်တွေကထက်ပိုများတဲ့
ပါဝင်သွားမယ့် ကျောင်းတစ်ကျောင်းချင်းစီရဲ့ information တွေ,
Scholarship, ဝင်ခွင့်စာမေးပွဲတွေနဲ့ပတ်သတ်တဲ့ information တွေ,
ဂျပန်ပညာတော်သင်သွားရောက်ခဲ့တဲ့စီနီယာတွေရဲ့စကားသံတွေ,
ဂျပန်နိုင်ငံမှာအလုပ်ရှာတဲ့အကြောင်းနဲ့ပတ်သတ်တဲ့အတွေ့အကြုံတွေ
ကိုလေ့လာနိုင်မှာပါ.
ဒါ့အပြင် February လ 14ရက်နေ့ကနေ 18ရက်နေ့အတွင်းမှာပြုလုပ်မယ့် Zoom Group Consultation အစီအစဉ်မှာတော့ ဂျပန်နိုင်ငံကကျောင်းတွေရဲ့ ဆရာဆရာမတွေနဲ့တိုက်ရိုက် ဆွေးနွေးနိုင်မယ့် အခွင့်အရေး လည်းရှိပါတယ်.
ဂျပန်ပညာတော်သင်ခရီးစဉ်ကိုအခုပဲစတင်လိုက်ကြရအောင်