Myanmar Association of Japan Alumni ( MAJA )

About MAJA Education Centre History. Please see MEC.


မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) ၏ MAJA Education Centre သည် မြန်မာလူငယ်များအတွက် ဂျပန်ဘာသာနှင့် ပညာရေးအခွင့်အလမ်းများ ရရှိစေရေး၊ ဂျပန်နိုင်ငံတွင် ပညာ သင်ကြားနိုင်ရေး တို့ကို ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့တွင် MAJA Centre အမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။

Centre စတင်ဖွင့်လှစ်နိုင်ရေးအတွက် ထိုအချိန်က MAJA ဉက္ကဌ ဉီးမြင့်ဝေ မှ ဉီးစီးဆောင်ရွက်ခဲ့ပြီး ဒုတိယ ဉက္ကဌ များဖြစ်ကြသည့် ဒေါ်စီစီရှိန်၊ ဉီးစိုးဝင်း နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဉီးအောင်မျိုးမင်း တို့မှ စင်တာကော်မတီအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

ဖွင့်လှစ်ချိန်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက် လာခဲ့သည့် လုပ်ငန်းစဉ်များမှာ-

၁။ မြန်မာလူမျိုးများအတွက် ဂျပန်ဘာသာစကားသင်ကြားရေး၊

၂။ ဂျပန်နှင့် နိုင်ငံခြားလူမျိုးများအတွက် မြန်မာဘာသာစကားသင်ကြားရေး၊

၃။ မြန်မာ၊ ဂျပန် ဘာသာပြန်နှင့် စကားပြန် လုပ်ငန်းစဉ်များ၊

၄။ မြန်မာ၊ ဂျပန် ယဉ်ကျေးမှုနှင့် ရင်းနှီးကျွမ်းဝင်ရန်ဆက်သွယ်ဆောင်ရွက်မှု လုပ်ငန်းစဉ်များ ဖြစ်ပါသည်။

၂၀၁၃ ခုနှစ်တွင် Centre အား MAJA OKAYAMA Knowledge Centre တည်ထောင်ခြင်း၊ ဂျပန်ဖောင်ဒေးရှင်း ၏ ဂျပန်ဘာသာသင်ကြားသည့် ဆရာ၊ ဆရာမ များနှင့် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်း စသည်တို့ကို ပြုလုပ်ခဲ့ပါသည်။

၂၀၁၈ ခုနှစ်တွင် “MAJA Centre” အမည်မှ “MAJA Education Centre” အမည်သို့ ပြောင်းလဲခဲ့ပြီး၊ ကျောင်းတည်နေရာအား ပုလဲကွန်ဒိုမှ တောင်ဉက္ကလာပမြို့နယ်၊ သူရလမ်းသို့ပြောင်းရွှေ့ခဲ့ပါသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ MAJA Education Centre အား အမှတ် ၃၁၅-အေ၊ သစ္စာလမ်း၊ တောင်ဉက္ကလာပ မြို့နယ်၊ ပုဏ္ဏမီမှတ်တိုင်အနီးတွင် ဖွင့်လှစ်ထားလျှက်ရှိပြီး ဂျပန်ဘာသာနှင့် မြန်မာဘာသာ သင်တန်းများ နှင့် စာမေးပွဲဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်လျှက်ရှိပါသည်။ JLPT၊ TOP-J၊ EJU စသည့်စာမေးပွဲများအတွက် လျှောက်ထားခြင်းနှင့် အောင်လက်မှတ်ထုတ်ယူခြင်း ကိစ္စများ၊ ASAHI သတင်းစာပို့ ပညာတော်သင်ဆု လျှောက်ထားသည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးလျှက် ရှိပါသည်။

MAJA Education Centre

 

 

 

 

 2022-01-18 00:00:00
၂၀၂၅ ဒီဇင်ဘာလ JLPT စာ​​မေးပွဲအတွက် ​လျှောက်လွှာတိုးမြှင့်လက်ခံရာတွင် ​​လျှောက်လွှာကုန်သွားသည့် Level များအား အသိပေး ​ကြေငြာခြင်း
visitors :      216,604