Myanmar Association of Japan Alumni ( MAJA )

ဂျပန်နိုင်ငံကို ပညာတော်သင်သွားလိုသူများအတွက် Online Study in Japan Fair 2022


ဂျပန်နိုင်ငံကို ပညာတော်သင်သွားလိုသူများအတွက် Online Study in Japan Fair 2022

အောက်ပါလင့်ခ်ကနေ စာရင်းပေးသွင်းနိုင်ပါတယ်။

http://studyinjapan-asean.com/

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Study in Japan Fair ကို ဒီနှစ်မှာလည်း ဇန်နဝါရီလ 17ရက်နေ့မှ ဖေဖော်ဝါရီလ 18ရက်နေ့အထိ Onlineမှတဆင့် ကျင်းပပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါတယ်ရှင်….

ဂျပန်နိုင်ငံမှာ ကျောင်းသွားတက်ချင်ပေမဲ့ ဘယ်ကဘယ်လိုစလုပ်ရမှန်း မသိတဲ့သူတွေ ပညာသင်ဆု (MEXT,JASSO scholarship,etc.) အကြောင်း သိချင်တဲ့သူတွေ တက္ကသိုလ်၊ ကျောင်းဝင်ခွင့်ရဖို့ လိုအပ်တဲ့အချက်တွေနဲ့ ကျောင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အသေးစိတ်သိလိုတဲ့သူတွေ စသဖြင့် ဂျပန်နိုင်ငံရဲ့ ပညာရေးစနစ်အကြောင်း စိတ်ဝင်စားတဲ့သူများအားလုံးကို တက်ရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်

ဒီနှစ်Online Study in Japan Fair 2022မှာလည်း ဂျပန်နိုင်ငံမှ တက္ကသိုလ်(၄၈) ကျောင်း၊ ကောလိပ် () ကျောင်းနဲ့ ဂျပန်စာသင်ကျောင်း()ကျောင်းက ပါဝင်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ ဒီကျောင်းတွေထဲကမှ ကိုယ်စိတ်ဝင်စားတဲ့ကျောင်းရှိရင်လည်း အသေးစိတ်အချက်အလက်တွေကို ဖေဖော်ဝါရီလ 14ရက်နေ့ကနေ 18ရက်နေ့အတွင်းမှာ ပြုလုပ်မယ့် Zoom Group Consultationအစီအစဉ်မှာ ဂျပန်နိုင်ငံက ဆရာဆရာမတွေ နဲ့ တိုက်ရိုက်ဆွေးနွေးနိုင်မှာဖြစ်တဲ့အတွက် လက်လွတ်မခံသင့်တဲ့ အခွင့်အရေးကြီးပဲနော်

”Online Study in Japan Fair 2022”မှာ ပါဝင်လိုသူတွေကတော့ January 17 ရက်နေ့ကနေစပြီး အောက်ဖော်ပြပါ လင့်ခ်မှတစ်ဆင့် registration စတင်လုပ်ဆောင်နိုင်ပါပြီ.

http://studyinjapan-asean.com/

ကဲအခုပဲ ဂျပန်ပညာတော်သင်ခရီးစဉ်ကို စတင်လိုက်ကြရအောင်

 2022-01-19 00:00:00
၂၀၂၅ ဒီဇင်ဘာလ JLPT စာ​​မေးပွဲအတွက် ​လျှောက်လွှာတိုးမြှင့်လက်ခံရာတွင် ​​လျှောက်လွှာကုန်သွားသည့် Level များအား အသိပေး ​ကြေငြာခြင်း
visitors :      216,606