Okayama University Japan Educational Information Center (OJEIC) နှင့် Sumitomo Corporation Asia & Oceania, Yangon Branch ၏ ပံ့ပိုးကူညီမှုဖြင့် MAJA EJU Exam Preparation Class ကို အောက်ပါအတိုင်း ဖွင့်လှစ်သွားပါမည်။
Okayama University Japan Educational Information Center (OJEIC) နှင့် Sumitomo Corporation Asia & Oceania, Yangon Branch ၏ ပံ့ပိုးကူညီမှုဖြင့် MAJA EJU Exam Preparation Class ကို အောက်ပါအတိုင်း ဖွင့်လှစ်သွားပါမည်။
သင်တန်းကာလ
-၂၀၂၃ ခုနှစ် ဒီဇင်ဘာလ( ၁၁ ) ရက် မှ ၂၀၂၄ ခုနှစ် မေလ ( ၃၁ )ရက်အထိ။
သင်ကြားမည့် ဘာသာရပ်များ
- Japanese(JFL), Japan and the World, Maths-1 ,Maths-2 ,Physics, Chemistry, Biology.
သင်ကြားမည့် ပုံစံ
In Person နှင့် Zoom Online
*မြန်မာနိုင်ငံရှိ မြို့အသီးသီးတွင် ဂျပန်စာလေ့လာနေကြသော ကျောင်းသား/သူများနှင့်
လက်ရှိဂျပန်နိုင်ငံတွင်ဂျပန်တက္ကသိုလ်တက်ရောက်ရန်ပြင်ဆင်နေကြသော မြန်မာကျောင်းသား/သူ များ တက်ရောက်သင်ကြားနိုင်ရန်အတွက် In Person Class နှင့်တွဲ၍ Zoom Online Class ကိုလည်း အောက်ပါအတိုင်း ပူးတွဲဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
* In Person Class
Japanese (JFL), Japan and the World, Maths-1, Maths-2, Physics, Chemistry.
သင်တန်းကြေး
*(In Person Class)
[Japanese(JFL), Japan and the World, Maths-1 , Maths-2, Physics, Chemistry]
တစ်ဘာသာလျှင်
၃ သိန်းကျပ် + Material Fees
(၆ လတာအတွက် အပြီးအစီး)
*(Zoom Online Class)
[Japanese (JFL), Japan and the World, Maths-2, Physics, Chemistry, Biology]
သင်တန်းကြေး
(Zoom Online Class )
[Japanese (JFL), Japan and the World, Maths- 2, Physics, Chemistry, Biology]
တစ်ဘာသာလျှင်
၂ သိန်း ၅ သောင်းကျပ်
(Matetial Fees အပါအဝင် ၆ လတာအတွက် အပြီးအစီး)
EJU Exam, ယခုသင်တန်းနှင့် ပတ်သက်ပြီး အောက်ပါ Seminar တွင် အသေးစိတ်လေ့လာနိုင်ပါသည်။
EJU စာမေးပွဲသည် ဂျပန်နိုင်ငံတွင် အထက်တန်းကျောင်းပညာရေး အဆင့်ဖြစ်သောကြောင့် မြန်မာနိုင်ငံမှ တက္ကသိုလ် ပထမနှစ်အောင်မြင်ထားသူ (သို့) GCE A Level (သို့) GED အဆင့်ရှိသူများသာ တက်ရောက်ရန်လျှောက်ထားနိုင်ပါမည်။
Japan as a Foreign Language(JFL) နှင့် Japan and the World ဘာသာရပ်တို့သည် ဂျပန်ဘာသာသင်ရိုးဖြင့်သာ သင်ကြားမည် ဖြစ်ပါသောကြောင့် လျှောက်ထားသူများသည် ဂျပန်စာအရည်အချင်း N2 LEVEL သို့မဟုတ် N2 LEVEL အထက်ရှိရန် လိုအပ်ပါသည်။
* ပညာသင်ဆု
အထက်တန်းပညာရေးတွင် ထူးချွန်စွာဖြင့် အောင်မြင်ထားပြီး၊ သင်တန်းတက်ရောက်ရန် သင်တန်းကြေး အမှန်တကယ် အခက်အခဲ ရှိသူများ သင်တန်းကြေး ကင်းလွတ်ခွင့်အား လျှောက်ထားနိုင်ပါမည်။ ပညာသင်ဆုလျှောက်ထားသူများအား သီးသန့် Orientation ပြုလုပ်သွားပါမည်။ လျှောက်ထားသူဦးရေပေါ်မူတည်၍ စာစီစာကုံး၊ လူတွေ့စစ်ဆေးမှုစသည့် ရွေးချယ်ခြင်းများကို ပြုလုပ်သွားပါမည်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် အောက်ပါ Link တွင် စာရင်းပေးသွင်းနိုင်ပါသည်။
စာရင်းပေးသွင်းရမည့် ကာလ -
9.10.2023 မှ 27.10.2023
၀င်ရောက်လျှောက်ထားရန် -
https://forms.gle/p2ymtvEcsshiKZrP8
ထိရောက်သော သင်ကြားမှုများကို ပြုလုပ်နိုင်ရန် ဘာသာရပ်တစ်ခုတွင် သင်တန်းသား/သူ (၄၀)ဦးသာ သတ်မှတ်ထားပါသည်။ လျှောက်ထားသူအရေအတွက် (၄၀)ဦးထက်ကျော်လွန်ပါက စာရင်းပေးသွင်းထားသည့် ပညာအရည်အချင်း၊အချက်အလက်များပေါ်မူတည်၍ စီစစ်ရွေးချယ်လက်ခံသွားမည်ဖြစ်ပါသည်။
သင်တန်းတက်ရောက်ခွင့်ရရှိသူများကို (၁၁)လပိုင်း (၂၁) ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်အကြောင်းကြားသွားမည် ဖြစ်ပါသည်။
(2024 အတွက် ပိုစတာအသစ်ထွက်ရှိသည့် အချိန်တွင် 2024 စာမေးပွဲရက်များအား ကြေငြာပေးပါမည်။)
ဆက်သွယ်ရန်-
ဖုန်း - 09 428 613 848
လိပ်စာ - အမှတ် ၊၆၈၂/၆၈၃ (က)ဒုတိယထပ် ၊
သစ္စာလမ်းမ၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
(ပုဏ္ဏမီ မှတ်တိုင်အနီး)