2024 October Intake Language School လျှောက်ထားလိုသူများ အတွက် သတင်းကောင်း
MAJA Education Centre မှ Language school လျှောက်ထားခြင်းအား 2024 October Intake မှစတင်လျှောက်ထားပေးမည်ဖြစ်ကြောင်း နှစ်သစ်မင်္ဂလာနှင့်အတူ သတင်းကောင်း ပေးအပ်လိုက်ပါတယ်။
Tokyo မြို့ရဲ့ အနီးဆုံးနေရာမှာဖြစ်တဲ့ Saitama Prefecture မှာရှိတဲ့ ကျောင်းဖြစ်ပြီး၊ ယခုအချိန်အထိ မြန်မာနိုင်ငံမှ Asahi Shinbum Scholarship ကျောင်းသားများကိုသာ အဓိက လက်ခံလာခဲ့တဲ့ ကျောင်းဖြစ်ပါတယ်။
ဂျပန်နိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနမှ နိုင်ငံရပ်ခြားကျောင်းသား/သူများ လာရောက်သင်ယူရန် သင့်တော်သောကျောင်း(適正校) Class 1 အဖြစ် သတ်မှတ်ခြင်း ခံထားရသော ကျောင်းဖြစ်သောကြောင့် ဗီဇာရရှိမှု ရာခိုင်နှုန်း အထူးမြင့်မားသော ကျောင်းတစ်ခုလည်း ဖြစ်ပါတယ်။
Class 1 ကျောင်းဖြစ်တာနဲ့အညီ လက်ခံမည့်ကျောင်းသားရဲ့ အရည်အချင်းသတ်မှတ်ချက်လည်း အနည်းငယ် မြင့်မားပါတယ်။
၁။ တက္ကသိုလ်ဝင်တန်းအထက် အောင်မြင်ထားသူ
၂။ အသက် ၁၈ နှစ်ပြည့်ပြီးသူ
၃။ ဂျပန်စာ အောင်လက်မှတ် N4 LEVEL နှင့်အထက် လက်ဝယ်ရှိသူ (JLPT, TOP J, NAT TEST,J TEST)
၄။ ဘဏ်စာရင်း မိမိဘာသာ တင်ပြနိုင်သူ
၅။ COE reject မဖြစ်ဖူးသူ
၆။ အိမ်ထောင်မရှိသူ
၇။ တက်တူး မရှိသူ
အထက်ပါ သတ်မှတ်ချက်နှင့်ပြည့်စုံသည့် လျှောက်ထားလိုသူများသည် Google form တွင် ၂၀၂၄ ခုနစ် ဧပြီလ ၁၂ ရက်နေ့ မှ ၂၂ ရက်နေ့ အတွင်း ၀င်ရောက်ဖြည့်စွက် စာရင်းပေးသွင်းနိုင်ပါတယ်။
Google Form link https://forms.gle/CpQAhMeyEuS8ga9Q6
သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား လျှောက်လွှာတင်ခြင်းနှင့် အင်တာဗျူးဖြေဆိုခြင်းတို့အတွက် ပြန်လည် အကြောင်းကြားသွားပါမယ်။
MAJA Education Centre
No 682/683,2nd floor, Thit Sar Rd, South Okkalarpa Tsp. အစားတလိုင်း ဟော့ပေါ့ဆိုင် အပေါ်ထပ် နှစ်လွှာ။
ဖုန်းနံပါတ် - 09-428613848 (စနေ ၊ တနင်္ဂနွေနေ့ နှင့် အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည်။)