Myanmar Association of Japan Alumni ( MAJA )

Japanese University Entrance Course ဂျပန်နိုင်ငံရဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုရန် မြန်မာပြည်တွင်းတွင် တက်ရောက်နိုင်သည့် သင်တန်း


Japanese University Entrance Course

ဂျပန်နိုင်ငံရဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုရန် မြန်မာပြည်တွင်းတွင် တက်ရောက်နိုင်သည့် သင်တန်း

1 Year Course (In Person Class) ဖြစ်ပြီး၊ ထူးချွန်သူများအနေဖြင့် Scholarship (100% 50%) လျှောက်ထားတက်ရောက်သင်ကြားနိုင်ပါတယ်

ပညာသင်ဆုအား Sumitomo Corporation Asia & Oceania နှင့် Tanaka Sakuji စသည့်အဖွဲ့အစည်းတို့၏ ထောက်ပံ့မှုဖြင့် ပေးအပ်သွားပါမည်။

ယခုသင်တန်းဟာ မြန်မာနိုင်ငံတွင် အထက်တန်းပညာရေးအဆင့် အောင်မြင်ပြီး သော ကျောင်းသား/သူများအနေနဲ့ ဂျပန်နိုင်ငံရှိ တက္ကသိုလ်များသို့ တက်ရောက်သင်ကြားရာတွင်လိုအပ်သော (Japanese University Entrance Course) ဂျပန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (EJU Exam) ဖြေဆိုရာမှာ အထောက်အကူပြုစေဖို့ MAJA မှ ဖွင့်လှစ်လာခဲ့သော “EJU Exam Preparation Class” ၏ 8th Batch ဖြစ်ပါတယ်

EJU အတွက် လိုအပ်သည့် အခြေခံနှင့် စာမေးပွဲလေ့ကျင့်မှုများကို လုံလောက်စွာ ပြုလုပ်သွားနိုင်ရေးအတွက် ယခုအချိန်အထိ ၆ လ သင်တန်းဖြင့် ဖွင့်လှစ်လာခဲ့တာကို ၁ နှစ် သင်တန်းအဖြစ် တိုးမြင့်ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပါတယ်

“EJU Exam Preparation Class” (In Person) ကို ဘယ်သူတွေ တက်ရောက်သင့်လဲ

MEXT Scholarship အတွက် ပြင်ဆင်လိုသူများနှင့် ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် ဆက်လက်ပညာသင်ကြားလိုသူများ

ဘယ်သူတွေ တက်ရောက်နိုင်သလဲ

အထက်တန်းပညာအဆင့်နှင့်အထက်ပြီးမြောက်ထားသူများ

GCE နှင့် IGCSE A Level အဆင့်ရှိသူများ

GED ဖြေဆိုအောင်မြင်ပြီးသူများ

တက်ရောက်သင်ကြားနိုင်ပါတယ်။

“In Person Class (1 Year Course)”

သင်ကြားရမည့် ဘာသာရပ်များ - Japanese (A), Japanese (B),Japan and the World,

Maths-2, Physics, Chemistry

** သင်တန်းတွင် Japanese သင်ယူရာမှာ

*အခြေခံမရှိသေးသူများအတွက်“N5 မှ စတင်သင်ကြားပေးမည့်အတန်း” (Japanese A) နှင့်

*ဂျပန်စာ N4 အောင်မြင်ပြီးသူများအတွက် “N3 မှ စတင်သင်ကြားပေးမည့် အတန်း” (Japanese B)

ဆိုပြီး (၂)မျိုးရှိသည့်အတွက်

မိမိရဲ့ ဂျပန်စာ Level အလိုက် Japanese ဘာသာရပ်ကိုတက်ရောက်သင်ယူနိုင်မှာဖြစ်ပါတယ်။ **

Science ဘာသာရပ်များကို

1st Semester မှာ ကတည်းက

EJUစာမေးပွဲကိုအမှတ်ကောင်းကောင်းနဲ့အောင်မြင်ရန် ရည်ရွယ်ပီးအထက်တန်းအဆင့်သင်ရိုးကိုပြန်လည်လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး၊

2nd Semester မှာတော့ EJU Level Course ကိုစနစ်တကျသင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။

သင်တန်းကြေး - တစ်ဘာသာလျှင် (၁၀) သိန်းကျပ် (၁ နှစ်တာ အတွက်) + Material Fees

Semester အလိုက် (၂) ကြိမ်ခွဲသွင်းနိုင်ပါတယ်

ဒါ့အပြင် “EJU Exam Preparation Class (1 Year Course)” အား တက်ရောက်သင်ယူလိုပြီး သင်တန်းကြေး အမှန်တကယ် အခက်အခဲရှိနေသူများအနေနဲ့ Scholarship လျှောက်ထားနိုင်မယ့် အစီအစဉ်လည်း ရှိပါတယ်။

*ပညာသင်ဆု

Scholarship လျှောက်ထားသူများကို သီးသန့် Orientation ပြုလုပ်ပြီး၊ လျှောက်ထားသူဦးရေပေါ်မူတည်ကာ စာစီစာကုံး ရေးသားခြင်း၊ လူတွေ့စစ်ဆေးခြင်းတို့ဖြင့် ရွေးချယ်ပေးသွားမှာဖြစ်ပါတယ် ။

“EJU Exam Preparation Class” (In Person) ကိုglက်ရောက်လိုသူများအနေနဲ့ Mayလ (၇) ရက်နေ့မှ

(၂၄) ရက်နေ့အတွင်း အောက်ပါ Link မှတဆင့် စာရင်းပေးသွင်း တက်ရောက်ရမှာပဲဖြစ်ပါတယ်။

စာရင်းပေးသွင်းရန် Link –

https://forms.gle/BDWEUsooJtAinmaa9

သင်တန်းတက်ရောက်ခွင့်ရရှိသူများကို June လ (၇)ရက်နေ့နောက်ဆုံးထားရျ်

ဆက်သွယ် အကြောင်းကြားသွားမည်ဖြစ်ပါသည်။

ထိရောက်မှုရှိတဲ့ သင်ကြားရေးဖြစ်စေဖို့ ရည်ရွယ်ပြီး သင်တန်းသား (၃၀) ဦးသာ လက်ခံသွားမှာဖြစ်လို့ ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် တက်ရောက်သင်ယူလိုတဲ့ ကျောင်းသား/သူများအနေနဲ့ အချိန်မီ အမြန်ဆုံး စာရင်းပေးသွင်း အပ်နှံလိုက်ပါတော့နော်။

သင်တန်းစုံစမ်းအပ်နှံရန်

================

No.682/683 , 2nd Floor , Thit Sar Road , 6th Quarter ,Near Pone Na Mi Bus Stop , South Okkalapa Tsp , Yangon

Phone - 09 428 613 848

Campus - No.440(B),Balika (14)th Street,10th Quarter, Near Thit Sar Road OMG Restaurant, South Okkalapa Tsp,Yangon.

#EJUExam

#EJUExamPreparationClass

#InPersonClass

#MAJA

#MyanmarAssociationofJapanAlumni

 2024-05-07 00:00:00
နိုဝင်ဘာလ ၄ ရက်နေ့ ကျင်းပမည့် ပညာတော်သင်ဆွေးနွေးပွဲ
visitors :      323,448