(1) မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းမှ သင်းဖွဲ့စည်းမျဥ်းနှင့်အညီ အသင်းသူ/သားများ၏ ပညာသင်ယူခဲ့သော တက္ကသိုလ်၊ ဒေသ နှင့် ပညာသင်ဆု အမျိုးအစားအလိုက် အစုအဖွဲ့များ ဖွဲ့စည်းရန် စီစဥ်လျက် ရှိပါသည်။ (2) Japanese University Entrance Course ဂျပန်နိုင်ငံရဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုရန် မြန်မာပြည်တွင်းတွင် တက်ရောက်နိုင်သည့် သင်တန်း
(1) မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းမှ သင်းဖွဲ့စည်းမျဥ်းနှင့်အညီ အသင်းသူ/သားများ၏ ပညာသင်ယူခဲ့သော တက္ကသိုလ်၊ ဒေသ နှင့် ပညာသင်ဆု အမျိုးအစားအလိုက် အစုအဖွဲ့များ ဖွဲ့စည်းရန် စီစဥ်လျက် ရှိပါသည်။ (2) Japanese University Entrance Course ဂျပန်နိုင်ငံရဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုရန် မြန်မာပြည်တွင်းတွင် တက်ရောက်နိုင်သည့် သင်တန်း
(2) Japanese University Entrance Course ဂျပန်နိုင်ငံရဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုရန် မြန်မာပြည်တွင်းတွင် တက်ရောက်နိုင်သည့် သင်တန်း
1 Year Course (In Person Class) ဖြစ်ပြီး၊ ထူးချွန်သူများအနေဖြင့် Scholarship (100% 50%) လျှောက်ထားတက်ရောက်သင်ယူနိုင်ပါတယ်
ပညာသင်ဆုအား Sumitomo Corporation Asia & Oceania နှင့် Tanaka Sakuji စသည့်အဖွဲ့အစည်းတို့၏ ထောက်ပံ့မှုဖြင့် ပေးအပ်သွားပါမည်။
ယခုသင်တန်းဟာ မြန်မာနိုင်ငံတွင် အထက်တန်းပညာရေးအဆင့် အောင်မြင်ပြီး သော ကျောင်းသား/သူများအနေနဲ့ ဂျပန်နိုင်ငံရှိ တက္ကသိုလ်များသို့ တက်ရောက်သင်ယူရာတွင်လိုအပ်သော (Japanese University Entrance Course) ဂျပန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (EJU Exam) ဖြေဆိုရာမှာ အထောက်အကူပြုစေဖို့ MAJA မှ ဖွင့်လှစ်လာခဲ့သော “EJU Exam Preparation Class” ၏ 8th Batch ဖြစ်ပါတယ်
EJU အတွက် လိုအပ်သည့် အခြေခံနှင့် စာမေးပွဲလေ့ကျင့်မှုများကို လုံလောက်စွာ ပြုလုပ်သွားနိုင်ရေးအတွက် ယခုအချိန်အထိ ၆ လ သင်တန်းဖြင့် ဖွင့်လှစ်လာခဲ့တာကို ၁ နှစ် သင်တန်းအဖြစ် တိုးမြင့်ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပါတယ်
“EJU Exam Preparation Class” (In Person) ကို ဘယ်သူတွေ တက်ရောက်သင့်လဲ
MEXT Scholarship အတွက် ပြင်ဆင်လိုသူများနှင့် ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် ဆက်လက်ပညာသင်ယူလိုသူများ
ဘယ်သူတွေ တက်ရောက်နိုင်လဲ
အထက်တန်းပညာအဆင့်နှင့်အထက်ပြီးမြောက်ထားသူများ
GCE နှင့် IGCSE A Level အဆင့်ရှိသူများ
GED ဖြေဆိုအောင်မြင်ပြီးသူများ
တက်ရောက်သင်ယူနိုင်ပါတယ်။
“In Person Class (1 Year Course)”
သင်ယူရမည့် ဘာသာရပ်များ - Japanese (A), Japanese (B),Japan and the World,
Maths-2, Physics, Chemistry
** သင်တန်းတွင် Japanese သင်ယူရာမှာ
*အခြေခံမရှိသေးသူများအတွက်“N5 မှ စတင်သင်ကြားပေးမည့်အတန်း” (Japanese A) နှင့်
*ဂျပန်စာ N4 အောင်မြင်ပြီးသူများအတွက် “N3 မှ စတင်သင်ကြားပေးမည့် အတန်း” (Japanese B)
ဆိုပြီး (၂)မျိုးရှိသည့်အတွက်
မိမိရဲ့ ဂျပန်စာ Level အလိုက် Japanese ဘာသာရပ်ကိုတက်ရောက်သင်ယူနိုင်မှာဖြစ်ပါတယ်။ **
Science ဘာသာရပ်များကို
1st Semester မှာ ကတည်းက
EJUစာမေးပွဲကိုအမှတ်ကောင်းကောင်းနဲ့အောင်မြင်ရန် ရည်ရွယ်ပီးအထက်တန်းအဆင့်သင်ရိုးကိုပြန်လည်လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး၊
2nd Semester မှာတော့ EJU Level Course ကိုစနစ်တကျသင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။
သင်တန်းကြေး - တစ်ဘာသာလျှင် (၁၀) သိန်းကျပ် (၁ နှစ်တာ အတွက်) + Material Fees
Semester အလိုက် (၂) ကြိမ်ခွဲသွင်းနိုင်ပါတယ်
ဒါ့အပြင် “EJU Exam Preparation Class (1 Year Course)” အား တက်ရောက်သင်ယူလိုပြီး သင်တန်းကြေး အမှန်တကယ် အခက်အခဲရှိနေသူများအနေနဲ့ Scholarship လျှောက်ထားနိုင်မယ့် အစီအစဉ်လည်း ရှိပါတယ်။
*ပညာသင်ဆု
Scholarship လျှောက်ထားသူများကို သီးသန့် Orientation ပြုလုပ်ပြီး၊ လျှောက်ထားသူဦးရေပေါ်မူတည်ကာ စာစီစာကုံး ရေးသားခြင်း၊ လူတွေ့စစ်ဆေးခြင်းတို့ဖြင့် ရွေးချယ်ပေးသွားမှာဖြစ်ပါတယ် ။
“EJU Exam Preparation Class” (In Person) ကိုတက်ရောက်လိုသူများအနေနဲ့ Mayလ (၇) ရက်နေ့မှ
(၃၀) ရက်နေ့အတွင်း အောက်ပါ Link မှတဆင့် စာရင်းပေးသွင်း တက်ရောက်ရမှာပဲဖြစ်ပါတယ်။
စာရင်းပေးသွင်းရန် Link –
https://forms.gle/BDWEUsooJtAinmaa9
သင်တန်းတက်ရောက်ခွင့်ရရှိသူများကို June လ (၇)ရက်နေ့နောက်ဆုံးထားရျ်
ဆက်သွယ် အကြောင်းကြားသွားမည်ဖြစ်ပါသည်။
ထိရောက်မှုရှိတဲ့ သင်ကြားရေးဖြစ်စေဖို့ ရည်ရွယ်ပြီး သင်တန်းသား (၃၀) ဦးသာ လက်ခံသွားမှာဖြစ်လို့ ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် တက်ရောက်သင်ယူလိုတဲ့ ကျောင်းသား/သူများအနေနဲ့ အချိန်မီ အမြန်ဆုံး စာရင်းပေးသွင်း အပ်နှံလိုက်ပါတော့နော်။
သင်တန်းစုံစမ်းအပ်နှံရန်
================
No.682/683 , 2nd Floor , Thit Sar Road , 6th Quarter ,Near Pone Na Mi Bus Stop , South Okkalapa Tsp , Yangon
Phone - 09 428 613 848
Campus - No.440(B),Balika (14)th Street,10th Quarter, Near Thit Sar Road OMG Restaurant, South Okkalapa Tsp,Yangon.