Myanmar Association of Japan Alumni ( MAJA )

(1) Japanese Basic (N5 + N4) & Exam Preparation (Special Class) (2) Japanese University Entrance Course တက်ရောက်ခွင့် ရရှိသူများစာရင်းအား ကြေညာခြင်း


(1) Japanese Basic (N5 + N4) & Exam Preparation  (Special Class)

ဂျပန်စာကို အခြေခံမှ စတင်ကာ () လတာဖြင့် သင်ကြားပြီး JLPT N4 စာမေးပွဲအတွက်ပါ တစ်ပါတည်း ပြင်ဆင်လေ့လာချင်သူတွေအတွက် ရည်ရွယ်သင်ကြားမယ့် Basic N5 + N4 (Special Class) အတန်းကို MAJA Education Centre မှ ဖွင့်လှစ်သင်ကြားပေးတော့မှာ ဖြစ်ပါတယ်။

ဒီအတန်းမှာဆိုရင် ဂျပန်စာ စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုအောင်မြင်နိုင်ဖို့အတွက် သေချာပြင်ဆင်သင်ကြားပေးသွားမယ့် Preparation Class ကိုလည်း ထည့်သွင်းပေးထားတာဖြစ်လို့ အချိန်ကုန်သက်သာပြီး ဂျပန်စာအခြေခံကို အပြီးအစီး တတ်မြောက်စွာ သင်ယူနိုင်မှာပါ။

** တစ်ပတ်ကို () ရက်၊ တစ်နေ့ကို စာသင်ချိန် () နာရီနဲ့ MAJA Education Centre ရှိ ကျွမ်းကျင်ဝါရင့် ဆရာ/ဆရာမများမှ In Person Class အဖြစ် ထိရောက်မှုရှိရှိ သင်ကြားပို့ချပေးသွားမှာဖြစ်လို့ လူဦးရေ (၃၀) အထိသာ လက်ခံသွားမှာပဲဖြစ်ပါတယ်။ ဂျပန်စာကို ထိထိရောက်ရောက်နဲ့ အမြန်ဆုံးတတ်မြောက်လိုသူများ မြန်မြန်လေး စာရင်းပေးသွင်းထားမှ စိတ်ချရပါမယ်။

* သင်တန်းစတင်ဖွင့်မည့်ရက် - ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ရက်နေ့

*သင်တန်းချိန် - Mon to Fri (8:30 AM - 12:00 PM) (30 mins Break Time)

*သင်တန်းကာလ - (July to December)

*သင်တန်းကြေး - သိန်းကျပ် (Material Fees အပါ အပြီးအစီး)

*အတန်းလာရောက်အပ်နှံလိုသူများအနေနဲ့ မိမိ၏ ကိုယ်ပိုင်ရည်မှန်းချက်နှင့်အတူ ဓာတ်ပုံ () ပုံ ယူဆောင်ပြီး အောက်ပါလိပ်စာသို့ ဇွန်လ (၂၅) ရက်နေ့ အထိ နောက်ဆုံးထားကာ လူကိုယ်တိုင် (သို့) ကိုယ်စား လာရောက်အပ်နှံနိုင်ပါတယ်။

*အတန်းလာရောက်အပ်နှံရမည့် လိပ်စာ : No.682/683 , 2nd Floor , Thit Sar Road , 6th Quarter ,Near Pone Na Mi Bus Stop , South Okkalapa Tsp , Yangon

ဒီအတန်းကို တက်ရောက်သော ကျောင်းသား/ သူများအနေနဲ့ -

%အတန်းပြီးမြောက်တဲ့အခါမှာ Language School တက်ရောက်ဖို့ လျှောက်ထားနိုင်ခြင်း၊

%Native Speaker ဆရာနဲ့အတူ တိုက်ရိုက် စကားပြောနိုင်ခြင်း စတဲ့ အခွင့်အရေးများကိုလည်း ရရှိပိုင်ဆိုင် နိုင်မှာပါ။

ယခုသင်တန်းကိုတော့ MAJA Education Centre ရဲ့ သင်တန်းကျောင်းနေရာအသစ်မှာ ဖွင့်လှစ်သွားမှာ ဖြစ်ပြီး၊ ကျောင်းသား/သူများ အဆင်ပြေချော့မွေ့စွာ စာသင်ကြားနိုင်ရေးအတွက် ကျယ်ဝန်းသန့်ရှင်းသော အဆင့်မြင့် စာသင်ခန်းကောင်းများကို ဖွဲ့စည်းပေးထားကာ အခန်းတိုင်းတွင်လည်း Air Con များ တပ်ဆင်ပေးထားပါတယ်။ နားနားနေနေ စာလေ့လာဖတ်ရှုနိုင်မယ့် စာကြည့်တိုက်လည်း ပြင်ဆင်သွားမှာဖြစ်လို့ Facility အပြည့်အစုံနဲ့ တက်ရောက်သင်ကြား နိုင်မှာ ပဲဖြစ်ပါတယ်။

@Campus - No.440(B),Balika (14)th Street,10th Quarter, Near Thit Sar Road OMG Restaurant, South Okkalapa Tsp,Yangon.

MAJA Education Centre မှ Japanese N2 (Vocab + Kanji & Grammar) နှင့် Japanese N3 (Vocab + Kanji & Grammar) အတန်းများကိုလည်း အောက်ပါ Class Timetable အတိုင်း ဖွင့်လှစ်သင်ကြားပေးသွားဦးမှာဖြစ်လို့ အတန်းများအကြောင်း အသေးစိတ်မေးမြန်းလိုပါက ဖုန်းနံပါတ် - 09 428 613 848 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

(2) Japanese University Entrance Course တက်ရောက်ခွင့် ရရှိသူများစာရင်းအား ကြေညာခြင်း

Japanese University Entrance Course တက်ရောက်ခွင့်အတွက် ပညာသင်ဆု လျှောက်ထားသော ကျောင်းသား/သူများအနက် MAJA Education Centre မှ သတ်မှတ်စံနှုန်းများဖြစ်သည့် ပညာအရည်အချင်း၊ ပညာသင်ထောက်ပံ့မှု လိုအပ်ချက်၊ စိတ်အားထက်သန်မှုများအခြေခံကာ 1 Year Course (In Person Class) အတွက် (100% Scholarship) ရရှိသူများနှင့် (50% Scholarship) ရရှိသူများကို စိစစ်ရွေးချယ်ထားပါသည်။

ပညာသင်ဆုအား Sumitomo Corporation Asia & Oceania, Tanaka Sakuji နှင့် MAJA အသင်း

တို့၏ ထောက်ပံ့မှုဖြင့် ပေးအပ်သွားမည်ဖြစ်ပါသည်။

**“100% Scholarship” ဖြင့် တက်ရောက်ခွင့် ရရှိသူများစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

1. Khaing Shwe Sin Win

2. David Van Bawi Ceu

3. Hein Htet Zaw

4. Htun Pa Pa Han

5. Hnin Nwe Aye

6. Aye Aye Sanny

7. Nyi Nyi Min Htet

8. Ma Shune Lai Hanny

9. Thazin Thiri Myint

**“50% Scholarship” ဖြင့် တက်ရောက်ခွင့် ရရှိသူများစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

1. Mya Hmu Khin

2. May Myat Noe Htun

3. Htoo Wai Yan Hlaing

4. Htet Wai Yan

5. Ei Thu Han

6. Nyi Zaw Naing

7. Htet Htet Win

ပညာသင်ဆုလျှောက်ထားခဲ့ပြီးရွေးချယ်ခြင်းမခံရသူများသည်မိမိစရိတ်ဖြင့်တက်ရောက်မည်ဆိုပါကတက်ရောက်နိုင်ပါသည်။

MAJA Education Centre မှ ဇူလိုင်လ () ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် Japanese University Entrance Course (In Person Class) အတန်း တက်ရောက်ခွင့်ရရှိသူ များမှာပူးတွဲပါစာရင်းအတိုင်းဖြစ်ပါသည်။

ပညာသင်ဆုရရှိသူများနှင့်သင်တန်းတက်ရောက်မည့်သူများသည် ၁၄..၂၀၂၄ နောက်ဆုံးထားရျ် အောက်ဖော်ပြပါလိပ်စာနှင့်ဖုန်းနံပါတ်သို့ဆက်သွယ်သင်တန်းအပ်နှံကြပါရန်အသိပေးအပ်ပါသည်။

သင်တန်းစုံစမ်းအပ်နှံရန်

================

No.682/683 , 2nd Floor , Thit Sar Road , 6th Quarter ,Near Pone Na Mi Bus Stop , South Okkalapa Tsp , Yangon

Phone - 09 428 613 848

Campus - No.440(B),Balika (14)th Street,10th Quarter, Near Thit Sar Road OMG Restaurant, South Okkalapa Tsp,Yangon.

 2024-06-07 00:00:00
၂၀၂၅ ဒီဇင်ဘာလ JLPT စာ​​မေးပွဲအတွက် ​လျှောက်လွှာတိုးမြှင့်လက်ခံရာတွင် ​​လျှောက်လွှာကုန်သွားသည့် Level များအား အသိပေး ​ကြေငြာခြင်း
visitors :      216,504