“JAPI အဖွဲ့မှ စီမံဆောင်ရွက်နေသော Japan House WA မှ စာအုပ်ပေါင်း (၁,၀၀၀) ကျော် လှူဒါန်းခြင်းပုံရိပ်များ”
MAJA Education Centre တွင် ဂျပန်စာလေ့လာနေကြသော ကျောင်းသူ၊ ကျောင်းသားများ ဂျပန်ဘာသာစကားနှင့် ယဉ်ကျေးမှုများ လေ့လာရာတွင် အထောက်အကူပြုနိုင်စေရန်အတွက် ဇွန်လ (၂၀) ရက်နေ့တွင် “Japan House WA" မှ MAJA Education Centre သို့ Manga စာအုပ် (၁,၀၀၀) ကျော်ကို လှူဒါန်းခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ MAJA နာယကကြီး၊ဥက္ကဌ၊ အလုပ်အမှုဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားမှ မှတ်တမ်းပုံရိပ်အချို့ကို ဝေမျှဖော်ပြလိုက်ရပါသည်။
2024-06-26 00:00:00