2025 April Intake Language School လျှောက်ထားလိုသူများ အတွက် သတင်းကောင်း
MAJA Education Centre မှ Language school လျှောက်ထားခြင်းအား 2025 April Intake မှာ ဆက်လက်လျှောက်ထားပေးမည်ဖြစ်ကြောင်း သတင်းကောင်း ပေးအပ်လိုက်ပါတယ်။
Tokyo မြို့ရဲ့ အနီးဆုံးနေရာမှာဖြစ်တဲ့ Saitama Prefecture မှာရှိတဲ့ ကျောင်းဖြစ်ပြီး၊ ယခုအချိန်အထိ မြန်မာနိုင်ငံမှ Asahi Shinbum Scholarship ကျောင်းသားများကိုသာ အဓိက လက်ခံလာခဲ့တဲ့ ကျောင်းဖြစ်ပါတယ်။
ဂျပန်နိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာနမှ နိုင်ငံရပ်ခြားကျောင်းသား/သူများ လာရောက်သင်ယူရန် သင့်တော်သောကျောင်း(適正校) Class 1 အဖြစ် သတ်မှတ်ခြင်း ခံထားရသော ကျောင်းဖြစ်သောကြောင့် ဗီဇာရရှိမှု ရာခိုင်နှုန်း အထူးမြင့်မားသော ကျောင်းတစ်ခုလည်း ဖြစ်ပါတယ်။
Class 1 ကျောင်းဖြစ်တာနဲ့အညီ လက်ခံမည့်ကျောင်းသားရဲ့ အရည်အချင်းသတ်မှတ်ချက်လည်း အနည်းငယ် မြင့်မားပါတယ်။
၁။ ၁၂ တန်းအောင်မြင်ပြီးသူများ (သို့) တက္ကသိုလ်ပထမနှစ် အောင်မြင်ထားသူများ
၂။ အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိသူများ။
၃။ ဂျပန်စာ N4 အဆင့်နှင့်အထက်၊ N5 အထက်အောင်မြင်ထားသူ
၄။ ဘဏ်စာရင်း မိမိဘာသာ တင်ပြနိုင်သူ
၅။ လုပ်ငန်းလိုင်စင်ပြနိုင်သူ
၆။ ဂျပန်နိုင်ငံသို့ စာရွက်စာတမ်း မတင်ဖူးသူ၊ COE reject မဖြစ်ဖူးသူ
၇။ အိမ်ထောင်မရှိသူ
၈။ တက်တူး မရှိသူ
၉။ PV Passport သို့ PV Passport QR Code ရှိသူ
၁၀။ ဂျပန်နိုင်ငံသို့ စာရွက်စာတမ်းလျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်းများကို အချိန်နှင့် တပြေးညီ ပြုလုပ်ပေးနိုင်သော ကျောင်းသား/သူ ဖြစ်ရပါမည်။
အထက်ပါ သတ်မှတ်ချက်နှင့်ပြည့်စုံသည့် လျှောက်ထားလိုသူများသည် Google form တွင် ၂၀၂၄ ခုနစ် ဇူလိုင်လ ၅ ရက်နေ့ မှ ၁၉ ရက်နေ့ အတွင်း ၀င်ရောက်ဖြည့်စွက် စာရင်းပေးသွင်းနိုင်ပါတယ်။
Google Form Link : https://forms.gle/yKsGK8i9EkPmRLbx8
သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား လျှောက်လွှာတင်ခြင်းနှင့် အင်တာဗျူးဖြေဆိုခြင်းတို့အတွက် ပြန်လည် အကြောင်းကြားသွားပါမယ်။
MAJA Education Centre
No.440(B), Balika (14)th Street, 10th Quarter,Near Thit Sar Rd, South Okkalarpa Tsp.
တောင်ဉက္ကလာပ တရားရုံး နှင့် Autoverse Car Accessories Shop ကြားလမ်း။
ဖုန်းနံပါတ် - 09-428613848 (စနေ ၊ တနင်္ဂနွေနေ့ နှင့် အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည်။)