၂၀၁၈ခုနှစ် ဂျပန်ဘာသာသင်ကြားရေးနှင့်ပတ်သက်သော ဆွေးနွေးပွဲကျင်းပခြင်း (ミャンマー語の後に日本語が続きます)
ဒီနှစ်မှာလည်း ဂျပန်ဘာသာသင်ကြားရေးနှင့် ပတ်သက်သော ဆွေးနွေးပွဲကို ရန်ကုန်နှင့်မန္တလေးမှာ ကျင်းပပါမယ်။ ဒီတစ်ခေါက်မှာတော့ E-Learning အကြောင်းကို အဓိကထား ဆွေးနွေးသွားမှာဖြစ်ပြီး Japan Foundation က ထုတ်လုပ်ထားတဲ့ Online Course၊ Website၊ Application စတဲ့ E-Learning သင်ထောက်ကူအမျိုးမျိုးနှင့်ပတ်သက်ပြီး မိတ်ဆက်ပေးမှာဖြစ်တဲ့အတွက် တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
နေ့ရက် : စက်တင်ဘာ ၂၉ရက်၊ စနေနေ့ (MUFL)
အောက်တိုဘာ ၂ရက်၊ အင်္ဂါနေ့ (YUFL)
ဟောပြောမည့်ဆရာ : Mr. Yosuke KASAI (ဂျပန်စာသင်ကြားရေး အထူးပြု ပညာရှင်)
ဟောပြောမည့်ခေါင်းစဉ် :「JFNihongo e Learning Minato」
2018年 秋ミャンマー日本語教師セミナー開催
今年もヤンゴンとマンダレーで 教師セミナーを行います。
今回は「eラーニング」をメインテーマとして、国際交流基金が開発した各種eラーニング教材(オンラインコース、ウェブサイト、アプリなど)についてご紹介します。
是非ご参加ください。
日にち : 2018年9月29日(土)MUFL
2018年10月2日(火)YUFL
講師:笠井陽介(国際交流基金 関西センタの日本語教育専門員)
テーマ :「eラーニングでもっと」
-------------------------------------------------------------------------------------------------------------------------------
Toshiba Youth Club Asia Vol. 5 [TYCA] လျှောက်လွှာခေါ်ယူခြင်း
-------------------------------------------------------------------------------------
မင်္ဂလာပါရှင်..
TYCA { Toshiba Youth Club Asia Vol. 5 } အစီအစဉ်ဖြင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ (March 20th ~ 27th, 2019) တစ်ပတ်ကြာ သွားရောက်ရမည်။
( ရွေးချယ်ခံရသူကိုဂျပန်အစိုးရ၏ကုန်ကျစရိတ်ဖြင့် ဂျပန်နိုင်ငံသို့ စေလွှတ်မည်။)
ထူးချွန်ထက်မြက်သောလူငယ်ခေါင်းဆောင်များပေါ်ထွက်လာရေးအတွက် Southeast Asian (Cambodia, Laos, Philippines, Thailand and Vietnam) နိုင်ငံများမှ လူငယ်များတွေ့ဆုံပွဲဖြစ်ပါတယ်။
World Energy, Environmental protection, role of science for social innovation စသောအချက်များကိုဆွေးနွေးသွားပြီး ၊ အနာဂါတ်တွင် စွမ်းဆောင်မူအပြည့်နှင့် ငြိမ်းချမ်းစွာဖြင့် အတူတကွလက်တွဲနေထိုင်သွားနိုင်မည့် Asia-Pacific Region ဖြစ်ပေါ်လာရေးရည်ရွယ်ပါတယ်။
( http://www.tyca.asia တွင်လည်း ဝင်ရောက်လေ့လာနိုင်ပါသည်။)
လျောက်ထားနိုင်သောကျောင်းသား၊ကျောင်းသူများ
၁. အသက် ၁၅ နှစ် မှ ၁၈ နှစ်အတွင်းရှိသည့် အထက်တန်းကျောင်းသား (သို့) တက္ကသိုလ်ပထမနှစ်တက်ရောက်နေသောသူ။
၂. အင်္ဂလိပ်လို ကောင်းမွန်စွာပြောနိုင်ပြီး ၊ အင်္ဂလိပ်လိုစာစီစာကုံးရေးသားနိုင်သူ။
၃. မတ်လ ၂၃ ရက်မှ ၃၀ ရက်အတွင်းဂျပန်နိုင်ငံသို့ သွားရောက်နိုင်သူဖြစ်ရမည်။
၄. ဂျပန်နိုင်ငံအကြောင်းကို စိတ်ပါဝင်စားသူဖြစ်ပြီး ၊ မိမိနိုင်ငံနှင့် ပက်သက်သောဗဟုသုတများ ကြွယ်ဝသူဖြစ်ရမည်။
၅. အခြား Asian နိုင်ငံများမှ ကျောင်းသားကျောင်းသူများနှင့် စိတ်ပါဝင်စားစွာ ဆွေးနွေးပြောဆိုနိုင်သူဖြစ်ရမည်။
၆. ဂျပန်စကားကိုအခြေခံလောက်ပြောဆိုနိုင်ရမည်။
လျောက်လွှာထုတ်ယူရက်
3rd September to 10th September, 2018
၁. လျောက်လွှာများကိုရုံးခန်းတွင်လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။ လျှောက်လွှာနှင့်အတူ Essay Form ကို ထုတ်ယူပြီး ၁၄.၉.၂၀၁၈ တွင် နောက်ဆုံးထားပြန်လည်ပေးပို့ လျှောက်ထားရမည်။
၂. 3 x 4 cm ဓါတ်ပုံတစ်ပုံ( ၃လအတွင်းရိုက်ကူးထားသောဓါတ်ပုံဖြစ်ရမည် ၊ ဓါတ်ပုံနောက်ကျောတွင် အမည်ကိုရေးသားထားရမည်။)
၃. မိမိတက်ရောက်နေသောကျောင်း၏ ကျောင်းသားဖြစ်ကြောင်း ကျောင်းမှထောက်ခံစာ (သို့မဟုတ်) ကျောင်းသားကဒ် မိတ္တူ
၄. မှတ်ပုံတင်မိတ္တူ ( သို့ ) Passport မိတ္တူ
(မနက် 10:00 နာရီမှ ညနေ 4:00 နာရီအတွင်းလာရောက်လျောက်ထားနိုင်ပါသည်။ စနေ ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ရုံးပိတ်သည်)
လျောက်လွှာလက်ခံမည့်နေရာ
Address - Myanmar Association of Japan Alumni (MAJA)
Pearl Condominium, Room(707), Building (C), Kaba Aye Pagoda
Road, Bahan Township, Yangon, Myanmar.
Phone - 95-9-428612151, 95-9-262602121