Myanmar Association of Japan Alumni ( MAJA )

Kaigo Scholarship အတွက်လျှောက်လွှာခေါ်ယူခြင်း။


၂၀၂၅ ခုနှစ် ၄ လပိုင်း အတွက်ခေါ်ယူမည့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ပညာသင်ဆုအား စိတ်ပါဝင်စားသူများအနေဖြင့် အောက်ဖော်ပြပါအတိုင်း လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

Program (1)

- ဂျပန်ဘာသာ သင်ကြား​ရေး ၁ နှစ်

- ဘိုးဘွား​စောင်​​ရှောက်​ရေး ​ကောလိပ် ၂ နှစ်

- ဘိုးဘွား​စောင့်​ရှောက်​ရေး​ဂေဟာတွင် အလုပ်လုပ်ကိုင်ခြင်း ၅ နှစ်

Program (2)

- ဘိုးဘွား​စောင်​​ရှောက်​ရေး ​ကောလိပ် ၂ နှစ်

- ဘိုးဘွား​စောင့်​ရှောက်​ရေး​ဂေဟာတွင် အလုပ်လုပ်ကိုင်ခြင်း ၅ နှစ်

လိုအပ်ချက်များ

==============

(၁-က) ဂျပန်ဘာသာ အရည်အချင်း တွင် JLPT / TopJ / NAT Test/ JTest(N3) နှင့် အထက် အောင်မြင်ထားသူ (အောင်လက်မှတ်တင်ပြနိုင်ရမည်)

(၁-ခ) N3 နှင့်အထက် ​အောင်မြင်ထားသူများ (July JLPT တွင် N3 ​အထက်ဖြေဆိုမည့်သူများ ​လျှောက်ထားနိုင်သည်)

(၂) အသက်၁၈နှစ် အထက် ၂၇နှစ်အောက်

(၃) ၁၂တန်းအောင် (သို့) တက္ကသိုလ်ပထမနှစ်အနည်းဆုံးအောင်မြင်ပြီးထားသူ

(၄) အိမ်ထောင်မရှိသူ

(၅) တက်တူး (လုံးဝ) မရှိသူ

(၆) TB၊ အသည်းရောင်အသားဝါ၊ HIV စသည့် ကူးစက်ရောဂါပိုးရှိသူ မဖြစ်ရ (​ဆေးစစ်​အောင်မြင်ပြီးမှသာ အင်တာဗျူးဝင်​ရောက်နိုင်မည်)

(၇) Passport PV ကိုင်ဆောင်ထားသူ (PV အတွက် QR code ရရှိထားသူ)

ဂျပန်နိုင်ငံသို့ ‌ကျောင်းဗီဇာ (သို့) တခြားသော ဗီဇာများဖြင့် လျှောက်ထားပြီးသူများ၊ COE Rejected ဖြစ်ထားဖူးသူများ လျှောက်ထားခွင့်မရှိပါ

လျှောက်လွှာလက်ခံကာလ

- ၂၀.၇.၂၀၂၄ နေ့မှ ၂၆.၇.၂၀၂၄ ညနေ (၄)နာရီ အထိ။

လျှောက်လွှာလျှောက်ထားခြင်း

=========================

အောက်ဖော်ပြပါ Google Form တွင် အချက်အလက်များ ဖြည့်သွင်း၍ ဓါတ်ပုံ (3cm × 4cm)၊ Passport or QR code၊ ပညာရေးအထောက်အထား၊ ဂျပန်ဘာသာစာမေးပွဲအောင်လက်မှတ်တို့အား ပူးတွဲတင်ပြပေးရပါမည်။

Google Form Link

https://docs.google.com/.../1FAIpQLSfk6QAa.../viewform...

လျှောက်ထားပြီးသူများအား Scholarship နှင့်ပတ်သက်သည့် အသေးစိတ်အစီအစဥ်များအား Google Form တွင်ဖြည့်သွင်းထားသော Gmail များမှတဆင့် ဆက်သွယ်ပေးပို့သွားမည်ဖြစ်ပါသည်။

MAJA Education Centre

09- 428 613 848

 2024-07-20 00:00:00
နိုဝင်ဘာလ ၄ ရက်နေ့ ကျင်းပမည့် ပညာတော်သင်ဆွေးနွေးပွဲ
visitors :      323,448