Online Study in Japan Fair 2024 For Myanmar (29th ~ 30th August, 2024)
နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ Study in Japan Fair ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့ နဲ့ ၃၀ ရက်နေ့ တွေမှာ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
အောက်ပါလင်ခ့်မှလည်း အခမဲ့စာရင်းပေးသွင်းနိုင်ပါပြီ။
Registration Link: https://forms.gle/YB6q9fKkNawzsXpK6
Online Study in Japan Fair 2024 For Myanmar မှာဆိုရင် ဂျပန်နိုင်ငံရှိ နာမည်ကြီးတက္ကသိုလ် ၁၈ ကျောင်းပါဝင်သွားမှာဖြစ်တာကြောင့် ဂျပန်ပညာတော်သင်ကို စိတ်ဝင်စားတဲ့ မြန်မာကျောင်းသားကျောင်းသူတွေအတွက် လုံးဝလက်မလွှတ်သင့်တဲ့အခွင့်အရေးကောင်းပဲဖြစ်ပါတယ်။
Online Study in Japan Fair 2024 For Myanmar (29th ~ 30th August, 2024) မှာပါဝင်ဆင်နွှဲရန် အခမဲ့စာရင်းပေးသွင်းနည်း-
Special Website သို့ဝင်ရောက်ပါ။
"Register Now for Free" ဆိုတဲ့ ပန်းရောင်ခလုတ်ကိုနှိပ်ပြီး Google Form ကိုဖြည့်စွက်ပါ။
https://forms.gle/YB6q9fKkNawzsXpK6
Special Website : https://www.okayama-u.ac.jp/user/myanmar/prepare2024.html
Google Form မှာဖြည့်သွင်းခဲ့တဲ့ မိမိရဲ့ Email Address ဆီကို Timetable Link အားပို့ပေးမှာ ဖြစ်တာကြောင့် အချက်အလက်တွေကို မှန်မှန်ကန်ကန်ဖြည့်သွင်းကြဖို့ အထူးသတိပြုရပါမယ်။ Timetable Link မှတစ်ဆင့် မိမိစိတ်ဝင်စားတဲ့ ကျောင်းရဲ့ Zoom Group Consultation ကို ဝင်ရောက်နားထောင်နိုင်မှာပဲဖြစ်ပါတယ်။
ပါဝင်သွားမဲ့ ကျောင်းတစ်ကျောင်းချင်းစီရဲ့ အချက်အလက်တွေကို OJEIC Facebook, Instagram, Telegram channels တွေမှတစ်ဆင့်ဖြစ်စေ၊ Special Website မှတစ်ဆင့်ဖြစ်စေ ကြိုတင် လေ့လာနိုင်ပါတယ်။
အောက်ပါလင်ခ့်မှလည်း အခမဲ့စာရင်းပေးသွင်းနိုင်ပါပြီ။
Registration Link: https://forms.gle/YB6q9fKkNawzsXpK6