Exciting News! Get Ready for the Long-term Career Development Scholarship Program - FY 2025!
မြန်မာ-ဂျပန်စင်တာမှ အောက်ပါဘာသာရပ်များ၏ Master Degree အတွက် Long-term Career Development ပညာသင်ဆုအစီအစဉ် (FY2025)ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်း လျှောက်လွှာ စတင်လက်ခံမည် ဖြစ်ပါသည်။
Agricultural/Environmental Science
Management (MBA)
Economics
Engineering/Information Technology
Tourism
Ø General Information and Application form (To be announced)
ဘယ်သူတွေလျှောက်ထားနိုင်မလဲ?
Ø လျှောက်ထားသူသည် အသက် ၂၂ မှ ၃၉ အတွင်းရှိ တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိပြီး ပုဂ္ဂလိကကဏ္ဍ တွင် လုပ်ကိုင်နေသူဖြစ်ရပါမည်။ (၁၉၈၅၊ ဧပြီလ ၂ ရက်နေ့နှင့်/ နောက်ပိုင်းမွေးဖွားသူနှင့်၊ ၂၀၀၃၊ ဧပြီလ ၁ ရက်နေ့နှင့်/ မတိုင်ခင် မွေးဖွားသူ)
Ø မြန်မာ-ဂျပန်စင်တာ (MJC) မှ သင်တန်းများကို တက်ရောက်ဖူးသူများ သို့မဟုတ် MJC ၏ business course များနှင့် activities များကို တက်ရောက်ခဲ့သော ကုမ္ပဏီများမှ ဝန်ထမ်းများလည်း လျှောက်ထားနိုင်ပါသည်။
(ထို့အပြင် UMFCCI တွင် အလားတူ business management course များတက်ရောက်ဖူးသူများလည်း အကျုံးဝင်ပါသည်။)
လျှောက်ထားရန်လိုအပ်သည့် အခြားသော criteria များနှင့်၊ သတင်းအချက်အလက်များကို MJC website တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
https://mjclcdp2024com.yourwebsitespace.com/?r=1724298574931
စုံစမ်းမေးမြန်းမှုများအတွက်
Email Address: [email protected]
အသေးစိတ်စုံစမ်းမေးမြန်းလိုမှုများ နှင့် လျှောက်ထားရန် စိတ်ဝင်စားမှု ရှိပါက အောက်ပါ Google Form တွင် ဖြည့်စွက်နိုင်ပါသည်။
https://forms.gle/C5Bw2qMAJ76v7BWp6
Seminar for Research Proposal
လျှောက်ထားသူများ Research proposal ရေးသားရာတွင် အထောက်အကူဖြစ်စေရန် အတွက် မြန်မာ-ဂျပန်စင်တာမှ စက်တင်ဘာလတွင် “How to write Research Proposal” ဟောပြောပွဲကို ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ပြီး ရွေးချယ်ရေးကော်မတီဝင် ဆရာကြီး၊ဆရာမကြီးများမှ သက်ဆိုင်ရာဘာသာတခုချင်းစီအလိုက် အောက်ပါ နေ့ရက်များတွင် ဟောပြောပို့ချပေးသွားမည် ဖြစ်ပါသည်။
• Agriculture/Environmental Science: 9:00~ 12:00, September 9, 2024.
• Economics and Tourism: 13:00~16:00, September 9, 2024.
• Engineering: 9:00~12:00, September 10, 2024.
• IT: 9:00~12:00, September 13, 2024.
• Management (MBA): 13:00~16:00, September 13, 2024.
ဟောပြောပွဲတက်ရောက်ရန်စိတ်ပါဝင်စားသူများသည် အောက်ပါ Link မှတဆင့် စာရင်းပေးသွင်းနိုင်ပါသည်။
https://forms.gle/C5Bw2qMAJ76v7BWp6
စုံစမ်းမေးမြန်းမှုများအတွက်
Email Address: [email protected]
အသေးစိတ်စုံစမ်းမေးမြန်းလိုမှုများ နှင့် လျှောက်ထားရန် စိတ်ဝင်စားမှု ရှိပါက အောက်ပါ Google Form တွင် ဖြည့်စွက်နိုင်ပါသည်။
https://forms.gle/C5Bw2qMAJ76v7BWp6
Act now to start your journey towards a brighter future!