Myanmar Association of Japan Alumni ( MAJA )

စက်တင်ဘာလ ၂၉ ရက် (တနင်္ဂနွေနေ့)တွင်ကျင်းပမည့် ဂျပန်ရဲ့နွေရာသီအငွေ့အသက် တွေကိုခံစားကြရအောင်! “KIRA KIRA☆ဂျပန်နွေရာသီပွဲတော်” အကြောင်းအသိပေးကြေညာခြင်း (日本語版は下に書いてあります。)


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၉ ရက်(တနင်္ဂနွေနေ့)တွင် ဂျပန်နိုင်ငံ၏ နွေရာသီအငွေ့အသက်များကို ခံစားနိုင်မယ့် “KIRA KIRA☆ဂျပန်နွေရာသီပွဲတော်” ကို ကျင်းပသွားမှာဖြစ်ပါတယ်။ ပွဲနေ့တွင် ဂျပန်နိုင်ငံရဲ့နွေရာသီပွဲတော်တွေမှာ တွေ့မြင်ဆော့ကစားလေ့ရှိတဲ့ ဂိမ်းအစီအစဉ်များ၊ ဂျပန်ဘာသာစကားနဲ့ ဂျပန်ယဉ်ကျေးမှုကို လေ့လာနိုင်မဲ့ ပဟေဠိများနဲ့ ဘင်ဂိုဂိမ်းအစီအစဉ်၊ ကာရာတေးသရုပ်ပြခြင်းအစီအစဉ်၊ ယုဂတစမ်းဝတ်ခြင်းအစီအစဉ်၊ မဲနှိုက်ခြင်းအစီအစဉ်နဲ့ ဂျပန်နိုင်ငံမှာ ပညာတော်သင်သွားရောက်လိုသူများ အခမဲ့ဝင်ရောက်ဆွေးနွေးနိုင်မယ့်အစီအစဉ်စတဲ့ ဂျပန်ယဉ်ကျေးမှုနဲ့ ထိတွေ့နိုင်တဲ့ အစီအစဉ်များကို ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲနိုင်ကြရန် စီစဉ်ထားပါတယ်။ အဲ့ဒီအပြင် ပွဲချိန်နောက်ဆုံးမှာ ပွဲကိုလာရောက်ကြသူများနဲ့ ဂျပန်နိုင်ငံရဲ့နွေရာသီအကတခုဖြစ်တဲ့ “ဘွန်းအက” ကို အားလုံးအတူအတူကကြမှာဖြစ်ပါတယ်။ ပွဲကိုလာရောက်ကြသူများကို လက်ဆောင်အဖြစ် ဂျပန်စတိုင်ယပ်တောင်များကိုလည်း ဦးရာလူစနစ်နဲ့ ပေးသွားဦးမှာဖြစ်ပါတယ်။ နွေရာသီရဲ့ အမှတ်တရတခုအနေနဲ့ ယပ်တောင်လေးတွေကိုင်ပြီး ဓာတ်ပုံရိုက်တာ၊ ဘွန်းအက ကတာတွေလည်း လုပ်လို့ရပါတယ်။ ပွဲကိုလာရောက်ဖို့အတွက် ကြိုတင်စာရင်းပေးစရာမလိုတဲ့အပြင် ဝင်ကြေးလည်းအခမဲ့ဖြစ်တဲ့အတွက် မည်သူမဆို လာရောက်ပါဝင်ဆင်နွှဲလို့ရပါတယ်။ ကိုယ့်ရဲ့ မိသားစု၊ သူငယ်ချင်း၊ ဂျပန်စာသင်တန်း‌ကျောင်းက အတန်းဖော်တွေနဲ့အတူ လာရောက်ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ပွဲအစီအစဉ်အကျဉ်းချုပ် နေ့ရက် ။ ။ ၂၀၂၄ခုနှစ် စက်တင်ဘာလ ၂၉ ရက် (တနင်္ဂနွေ) အချိန် ။ ။ မနက် ၁၀ နာရီ မှ ညနေ ၄ နာရီ (ညနေ ၃ နာရီခွဲနောက်ဆုံးထားပြီးပွဲသို့လာရောက်နိုင်ပါတယ်) နေရာ ။ ။ Meliá Yangon Hotel ကြီးမှူးကျင်းပသည့်အဖွဲ့အစည်းများ ။ ။ The Japan Foundation, Yangon၊ Myanmar Association of Japan Alumni (MAJA) ပူးပေါင်းပါဝင်ကူညီသည့်အဖွဲ့အစည်းများ။ ။ Okayama University Japan Educational Information Center (OJEIC) ၊ Myanmar Japan Center (MJC) ၊ Myanmar-Japan International Business Association (MJIBA) ကြိုတင်စာရင်းပေးရန်။ ။ မလို ဝင်ကြေး။ ။ အခမဲ့ စုံစမ်းမေးမြန်းရန်။ ။The Japan Foundation, Yangon (01-43920/1, တနင်္လာနေ့ မှ သောကြာနေ့ မနက် ၉ နာရီ မှ ညနေ ၅ နာရီအတွင်း)

 2024-09-24 00:00:00
၂၀၂၅ ဒီဇင်ဘာလ JLPT စာ​​မေးပွဲအတွက် ​လျှောက်လွှာတိုးမြှင့်လက်ခံရာတွင် ​​လျှောက်လွှာကုန်သွားသည့် Level များအား အသိပေး ​ကြေငြာခြင်း
visitors :      216,459