**MAJA Education Centre မှ “EJU Exam Preparation Class (ZOOM Online)”ဖွင့်လှစ်ခြင်း
2025 ခုနှစ်၊ June လတွင်ကျင်းပမည့် EJU Exam ဖြေဆိုမည့်သူများအတွက် ရည်ရွယ်၍ MAJA Education Centre မှ EJU Exam Preparation ZOOM Class (6 Months) အား ဖွင့်လှစ်တော့မည်ဖြစ်ပါသည်။ EJU ဆိုသည်မှာ နိုင်ငံခြားကျောင်းသားများ ဂျပန်တက္ကသိုလ်ဝင်ခွင့်အတွက် ဖြေဆိုရသည့် စာမေးပွဲတစ်ခုဖြစ်ပြီး EJU ရမှတ်ဖြင့် ဂျပန်နိုင်ငံရှိ တက္ကသိုလ်၊ကောလိပ်များသို့ တိုက်ရိုက်ဝင်ရောက်နိုင်သည့်အပြင် MEXT Scholarship အပါအဝင် အခြားပညာသင်ဆုလျှောက်ထားခြင်းများအတွက်လည်းများစွာအထောက်အကူရရှိနိုင်မှာဖြစ်ပါသည်။ *ဤအတန်းကို ဘယ်သူတွေ တက်ရောက်သင်ကြားနိုင်ပါသလဲ။ *မြန်မာနိုင်ငံ ပညာရေး စနစ်ဟောင်း တက္ကသိုလ် (ပထမနှစ်) အောင်မြင်ထားသူများ၊ *မြန်မာနိုင်ငံပညာရေး စနစ်သစ် (၁၂ တန်း) အောင်မြင်ထားသူ ကျောင်းသား/သူများ၊ *IGCSE A Level (သို့) GCE A Level (သို့) GED အောင်မြင်ထားသူများ၊ ဂျပန်နိုင်ငံတွင် ဘာသာစကားသင်တန်းကျောင်း တက်ရောက်နေပြီး၊ တက္ကသိုလ်ဝင်ခွင့်အတွက် ပြင်ဆင်နေသူများလည်း တက်ရောက်နိုင်ပါသည်။ *တက်ရောက်နိုင်မည့် ဘာသာရပ်များ ========================== %Japanese As A Foreign Language (JFL) %Physics %Chemistry %Biology %Maths 1 %Maths 2 %Japan & The World ** Japanese as a Foreign Language (JFL) နှင့် Japan & The World ဘာသာရပ်တို့သည် ဂျပန်ဘာသာသင်ရိုးဖြင့်သာ သင်ကြားမည် ဖြစ်ပါသောကြောင့် လျှောက်ထားသူများသည် ဂျပန်စာအရည်အချင်း “N2 LEVEL သို့မဟုတ် N2 LEVEL အထက်” ရှိရန် လိုအပ်ပါသည်။ ** $သင်တန်းအကြောင်း အသေးစိတ် ========================= သင်တန်းစတင်ဖွင့်မည့်ရက် : ၉.၁၂.၂၀၂၄ သင်တန်းကာလ : (၆) လ သင်တန်းကြေး : တစ်ဘာသာလျှင် (၃) သိန်းကျပ် (၆ လ) + Materials Fees သင်ကြားမည့်ပုံစံ : ZOOM Online Class *ယခု အတန်းအား တက်ရောက်လိုသူများအနေဖြင့် အောက်ဖော်ပြပါ Google Form လျှောက်လွှာအား ဖြည့်စွက်ကာ “၁၁.၁၁.၂၄” ရက်နေ့ နောက်ဆုံးထားပြီး စာရင်းသွင်းလျှောက်ထားရမည်ဖြစ်ပါသည်။ *Google Form Link : https://forms.gle/MGGcMwvRtjwwzDJi8 ထိရောက်သော သင်ကြားမှုများကို ပြုလုပ်နိုင်ရန် ဘာသာရပ်တစ်ခုတွင် “သင်တန်းသား/သူ (၃၀) ဦး” သာသတ်မှတ်ထားပါသည်။ သို့ဖြစ်ပါ၍ လျှောက်ထားသူ အရေအတွက် (၃၀) ဦး ထက်ကျော်လွန်ပါက စာရင်းပေးသွင်းထားသူများအနက် ပညာအရည်အချင်း၊ အချက်အလက်များပေါ်မူတည်ကာ ရွေးချယ်သွားမည်ဖြစ်ပြီး တက်ရောက်ခွင့်ရရှိသူများစာရင်းအား “၂၀.၁၁.၂၄” ရက်နေ့တွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။ သင်တန်းနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုသည်များနှင့် မေးမြန်းစုံစမ်းလိုသည်များကို - *MAJA Education Centre ၏ ရုံးဖုန်း (09 428 613 848) သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ၊ Viber မှ တဆင့်မေးမြန်း၍ဖြစ်စေ စုံစမ်းနိုင်ပါသည်။ (ရုံးချိန် - တနင်္လာနေ့မှ သောကြာနေ့ : မနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအတွင်း) *09 - 428 613 848 (စနေ၊ တနင်္ဂနွေနေ့ နှင့် အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည်။) *Campus Address : အမှတ် (၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ သစ္စာလမ်းမအနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ်ဟောင်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာတရားရုံးဘေးလမ်း)