Myanmar Association of Japan Alumni ( MAJA )

EJU စာမေးပွဲအတွက် ဒုတိယအကြိမ် အခမဲ့သင်တန်း သတ်မှတ်လူဦးရေ ပြည့်သွားပါပြီ။


ပထမအကြိမ်တုန်းက မတက်လိုက်ရတဲ့သူတွေအတွက် ဒုတိယအကြိမ်မြောက် EJUအခမဲ့အတန်းလေး လာပါပြီ

EJU(Examination for Japanese University Admission)ဆိုတာ နိုင်ငံခြားသားကျောင်းသားများအတွက် ဂျပန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြစ်ပါတယ်။ EJUအမှတ်နဲ့ဆို ဂျပန်တက္ကသိုလ်တွေမှာ ဘွဲ့ကြိုတန်းဝင်ခွင့်ကို တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်

နိုဝင်ဘာလမှာ EJUဖြေဆိုလိုသူများအတွက် ရည်ရွယ်ပြီး OJEICရုံးက EJUအတန်းကို အောက်ပါအတိုင်း ကျင်းပပေးသွားပါမယ်။

Myanmar Time

15-Oct Fri 13:30-15:00 - Chemistry

22-Oct Fri 13:30-15:00 - Math1

29-Oct Fri 10:30-12:30 - Physics

2-Nov Tue 13:30-15:00 - Math2

ဘာသာရပ်တွေကတော့ ဂျပန်ဖတ်စာအုပ်တွေကို မြန်မာဘာသာနဲ့ ရှင်းပြရင်း လေ့လာသွားကြမှာပါ

စိတ်ပါဝင်စားသူများမှာ အောက်ပါလင့်ခ်မှတစ်ဆင့် ဝင်ရောက် စာရင်းသွင်းနိုင်ပါတယ်။

Registration Link- https://contact.schoolynk.com/application/...  

Registration linkထဲမှာ တစ်ချို့နေရာတွေက ဂျပန်အချိန်တွေ ဖြစ်နေပါတယ်။ ဒါပေမဲ့ အတန်းချိန်ကတော့ အပေါ်မှာ ပြောထားတဲ့ မြန်မာအချိန်တွေပဲ ဖြစ်လို့ အတန်းချိန်ကို တစ်ချက် သတိထားပေးကြပါရှင်။

အတန်းကို လူဦးရေကန့်သတ်ထားတဲ့အပြင် ဒီနှစ်အတွက် နောက်ဆုံးအတန်းဖြစ်လို့ ခုပဲ မြန်မြန်လေး စာရင်းသွင်းလိုက်တော့နော်

 2021-10-12
Application Announcement for Long-term Capacity Development Scholarship Program
visitors :      211,047