Myanmar Association of Japan Alumni ( MAJA )

Online Study in Japan Fair 2025 For Myanmar (29th ~ 30th August, 2025)


အားလုံးပဲ Aug 29, 30 မှာ အွန်လိုင်းနဲ့ ကျင်းပပြုလုပ်သွားမဲ့ Online Study in Japan Fair 2025 for Myanmar ပွဲလေးမှာ ပါဝင်ဆင်နွှဲဖို့ register လုပ်ပြီးသွားကြပြီလား?

ဂျပန်ပညာတော်သင်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စုံစုံလင်လင်ရရှိနိုင်မဲ့ အခွင့်အရေးကောင်းဖြစ်တာကြောင့် လက်လွှတ်မခံဘဲ အောက်ပါလင့်မှတစ်ဆင့် အမြန်ဆုံး စာရင်းပေးသွင်းလိုက်ကြရအောင်။
► Registration Link: https://forms.gle/xaXd4K3c9HCATuFx8
စာရင်းသွင်းထားတဲ့သူတွေဆီကိုသာ တက္ကသိုလ်အသီးသီးရဲ့ Group Consultation Zoom Link တွေကို ပေးပို့သွားမှာဖြစ်ပါတယ်။

Online Study in Japan Fair 2025 Programs
 Online General Information Seminar
   Friday 29th August, 10:00AM ~ 12:00PM (Myanmar Time)
 Online Group Consultation
  Friday 29th August, 12:00 PM ~ 4:55 PM (Myanmar Time)
  Saturday 30th August, 10:00 AM ~ 2:55 PM (Myanmar Time)

ပါဝင်သွားမည့် ဂျပန်နိုင်ငံမှနာမည်ကြီးတက္ကသိုလ်များ

  • Asia University
  • Eikei University of Hiroshima
  • Josai International University
  • Josai University
  • Kanazawa University
  • Kumamoto University
  • Kyoto University of Advanced Science
  • Musashino University
  • Nagasaki University
  • Niigata University
  • Ritsumeikan Asia Pacific University
  • Ritsumeikan University
  • Shizuoka University
  • Tokyo International University
  • Tokyo University of Foreign Studies
  • Toyo University
  • Tsuda University
  • University of Miyazaki
  • University of Tsukuba
  • Okayama University

အသေးစိတ်အချက်အလက်တွေကိုတော့ Special Websiteမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
Special Website: https://www.okayama-u.ac.jp/user/myanmar/prepare2025.html

ဒါ့အပြင် ပြုစုစောင့်ရှောက်ရေးပညာ (Kaigo) သင်ယူလိုသူတွေအတွက်စကော်လားရှစ်၊ ဘွဲ့လွန်တန်း တက်ရောက်လိုသူတွေအတွက် စကော်လားရှစ်နဲ့ တခြားစကော်လား ရှစ် အစီအစဥ်တွေ၊ ဂျပန်မှာပညာသင်ပြီးနောက် အလုပ်လုပ်ကိုင်လိုသူတွေအတွက် လုပ်ငန်းခွင်ဆိုင်ရာအချက်အလက် စတာတွေကိုလည်း Special Website မှာ ဖော်ပြပေးထားတာကြောင့် ၀င်ရောက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုပါတယ်။

Study in Japan Fair နဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းလိုပါက OJEIC ကို ဆက်သွယ်လိုက်ပါ။
 OJEIC Facebook
https://www.facebook.com/StudyinJapanOfficeYangon
 OJEIC Instagram
https://www.instagram.com/ojeic_myanmar/
 OJEIC Telegram
https://www.instagram.com/ojeic_myanmar/


 2025-08-24
Long-term Capacity Development ပညာသင်ဆုလျှောက်ထားမည့်သူများသို့
visitors :      220,367