Myanmar Association of Japan Alumni ( MAJA )

Japanese Studies Seminar ပြုလုပ်မည့်အကြောင်း အသိပေးခြင်း


heart ဂျပန်နိုင်ငံရဲ့ သမိုင်းဝင် ဂန္ထဝင်အချစ်ဝတ္ထုနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရအောင် heart

အားလုံးပဲ “源氏物語”(Genji Monogatari) "The Tale of Genji"ဆိုတဲ့ ဝတ္ထုစာပေအကြောင်းကို ကြားဖူးပါသလား?

“Genji Monogatari” ဆိုတာ ၁၁ရာစုက ဂျပန်နိုင်ငံရှိ Murasaki Shikibu ဆိုတဲ့ အမျိုးသမီးစာရေးဆရာကရေးသားခဲ့တဲ့ ကမ္ဘာ့ရှေးအကျဆုံး အချစ်ဝတ္ထုရှည်တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အခန်း ၅၄ ခန်း ထိပါရှိပြီး ဂျပန်နိုင်ငံရဲ့ ဂန္ထဝင်ရှေးဟောင်းစာပေအဖြစ် တင်စားခံရကာ ကမ္ဘာတစ်ဝှမ်းထိ လူသိများကျော်ကြားတဲ့ အချစ်ဝတ္ထုလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ မင်းမျိုးမင်း နွယ်ဝင် Hikaru Genji ဆိုတဲ့ အမျိုးသားရဲ့ ဘဝဇာတ်ကြောင်းနဲ့ အချစ်ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားပါတယ်။ ဝတ္ထုမှာ အချစ်ဇာတ်လမ်းတစ်ခုတည်းသာ မဟုတ်ဘဲ အဲ့ဒီခေတ်က နိုင်ငံရေးအခြေအနေနဲ့ မိသားစုတွေအကြောင်း၊ မြင့်မြတ်တဲ့လူတန်းစားတွေကြားက လူမှုဆက်ဆံရေးနဲ့ အတွေးခေါ်နဲ့ အမြင်တွေ စတဲ့ အဲ့ဒီခေတ်က ယဥ်ကျေးမှု၊ လူမှုဆက်ဆံရေးနဲ့ ဓလေ့ထုံးစံတွေကို ခံစားသိမြင်စေနိုင်တဲ့ ဂန္ထဝင်စာပေပဲဖြစ်ပါတယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာရဲ့ အယူအဆဖြစ်တဲ့ လူ့ဘဝရဲ့ မတည်မြဲမှုကို ထည့်သွင်းထားခြင်းက ဝတ္ထုဖြစ်လာအောင် ပံ့ပိုးပေးတဲ့ အဓိကအချက်တစ်ခုပဲဖြစ်ပါတယ်။

yes ဒီတစ်ခေါက်မှာတော့ ဂျပန်ဂန္ထဝင်စာပေနဲ့ ဂျပန်ပညာတော် သင်အကြောင်း စိတ်ဝင်စားသူတွေအတွက် အောက်တိုဘာလ ၃ရက်နေ့ (သောကြာနေ့) မှာ ဂျပန်ဖောင်ဒေးရှင်း ရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG) နဲ့ OJEIC တို့ ပူးပေါင်းပြီး Japanese Studies Seminar: Steps into the world of “The Tale of Genji” Seminar ကို အွန်လိုင်းကနေရော In-person ပါ ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။

yes Seminar မှာ “The Tale of Genji and Lady Murasaki” ခေါင်းစဉ်နဲ့ Dr.Yuri Komedaက သင်ကြားပို့ချပေးမှာဖြစ်ပြီး Q&A session အပြင် OJEIC မှ Dr.Thu Thu Nwe Aye က ဘွဲ့လွန်တန်းအတွက် research ပြင်ဆင်ပုံနဲ့ ပညာတော်သင်အတွေ့အကြုံတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

yes အားလုံးပဲ အတူတူ “Genji Monogatari” ရဲ့ ကမ္ဘာကို တစ်ခေါက်အလည်သွားကြည့်ရအောင်။

► Date: October 3rd, 2025 (Friday)

► Time: 1:30 ~ 3:30 PM MMT (4:00 ~ 6:00 PM JST)

► Event Format: In-Person 30 only & Online 500

► Register here: https://docs.google.com/forms/d/e/1FAIpQLSdJw
IiUZF4SdX9M5lbiKxJc_slNIjznr8tfdNGTA46gan0j3Q/
viewform

*In-Person တက်‌ရောက်လိုသူတွေအနေနဲ့ လူဦးရေ ကန့်သတ်ထားတာကြောင့် မြန်မြန်စာရင်းသွင်းဖို့ လိုပါတယ်‼

 2025-09-24
(1) ၂၆ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသော ပြိုင်ပွဲဝင်များ၏ အမည်စာရင်း ကြေညာခြင်း (2) TYCA Vol.10 Interview အောင်မြင်သူစာရင်း ကြေငြာခြင်း
visitors :      224,458