Myanmar Association of Japan Alumni ( MAJA )

ဂျပန်မှာ အထက်တန်းပညာကို သင်ယူလိုသူတွေအတွက် Meikei High School


နိုဝင်ဘာလ 5 ရက်နေ့ ၊ နေ့လယ် 2နာရီအချိန်မှာ ကျင်းပပြုလုပ်မဲ့ Advisory ပွဲမှာတော့  Meikei High School က Guest Speaker အနေနဲ့ ကျောင်းအကြောင်းမိတ်ဆက်ခြင်း၊ ကျောင်းဝင်ခွင့်လိုအပ်ချက်နဲ့ ပညာသင်ဆုတွေအကြောင်းကိုပါ ပြောပြပေးသွားမှာဖြစ်တဲ့အတွက် ဂျပန်မှာ အထက်တန်းပညာသင်ယူဖို့စိတ်ဝင်စားတဲ့ ကျောင်းသူကျောင်းသားတွေ နဲ့ မိဘတွေကို  ဆက်ဆက်တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။

► စာရင်းသွင်းလျှောက်ထားရန်လင့်ခ်
https://docs.google.com/forms/d/e/1FAIpQLSf2Z6TNoY-nIrQZWFkWdsnAIWUEzQTiqwlC4HTVAdUl5H-JFg/viewform?usp=header  

Meikei High School ကတော့ Ibaraki ခရိုင် Tsukuba မြို့မှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကအထက်တန်းကျောင်းပဲဖြစ်ပါတယ်။ 1979ခုနှစ်မှာ Tsukuba University ရဲ့ Alumni Association, Meikei-Kai ကနေ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

♦ ဂျပန်နိုင်ငံသင်ရိုးညွှန်းတမ်း Regular Course အပြင် International Baccalaureate Diploma Programme (IB course) ကိုလည်းသင်ယူနိုင်ပါတယ်။ 2018 ခုနှစ် ဧပြီလကစတင်ပြီး International Baccalaureate Diploma Programme ကို ဂျပန်ဘာသာ (သို့) အင်္ဂလိပ်ဘာသာနဲ့ သင်ယူနိုင်တဲ့ Dual Language Diploma Programme အဖြစ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။

♦ Meikei High School မှာ  General Curriculum  အပြင် Extra-curricular Activities အနေနဲ့ ဘတ်စကက်ဘော၊ဂျူဒို၊တင်းနစ် စတဲ့ အားကစားများသာမက ပန်းချီ၊ ဂီတ၊ ဓာတ်ပုံ စတဲ့ အနုပညာရပ်များကို ပါ သင်ကြားပေးလျက်ရှိပါတယ်။ ဒါ့အပြင် ကျောင်းနဲ့ချိတ်ဆက်ထားတဲ့ နိုင်ငံတကာရှိကျောင်းတွေမှာ ကာလတို၊ကာလရှည် နဲ့ ပညာတော်သင်သွားရောက်နိုင်တဲ့ Study Abroad Program တွေလည်း ရှိပါတယ်။အထက်တန်းကျောင်းမပြီးဆုံးခင်မှာလည်း ကျောင်းသားကျောင်းသူတွေရဲ့ အနာဂတ် Career အတွက် ကျောင်းသားတစ်ယောက်ချင်းစီရဲ့ စိတ်ဝင်စားတဲ့နယ်ပယ်ပေါ်ကို လိုက်ပြီး ဆွေးနွေးတိုင်ပင်မှုတွေကိုလည်း ပြုလုပ်ပေးပါတယ်။

♦ ဂျပန်နိုင်ငံမှာ အလယ်တန်း နဲ့ အထက်တန်းပညာရေးကို ဆက်လက်လေ့လာသင်ယူလိုတဲ့ နိုင်ငံတကာကျောင်းသူကျောင်းသားတွေအတွက် ကျောင်းလျှောက်ထားနိုင်ရန် အွန်လိုင်းမှတဆင့် ဖောင်တင်ခြင်း၊စာမေးပွဲနဲ့ အင်တာဗျုးတွေကို ကျင်းပပေးလျက်ရှိပါတယ်။

⏰Application period
2026 April Intake: Oct 1 – Nov 7,2025
2026 October Intake: May 7 – Jun 5,2026

✅ကျောင်းလျှောက်ထားရန်လိုအပ်ချက်၊ စာမေးပွဲရက်၊ ကျောင်းလခ စတဲ့ ကျောင်းလျှောက်တာနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်ကို Application Guideline မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။
Application Guideline for International Students: https://www.meikei-inter-jp.com/_files/ugd/557074_d3172a62cece42e7a9ad76eb3fc5e76d.pdf

ကျောင်းလျှောက်တာနဲ့ပတ်သက်ပြီးမေးမြန်းလိုပါက အောက်ပါအီးမေးလ်ကို တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါတယ်။
Email: [email protected]

Meikei High School နဲ့ ပတ်သက်တဲ့အသေးစိတ်အချက်အလက်ကို အောက်ပါလင့်ခ်များမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Homepage: https://www.meikei.ac.jp/
International Student Center: https://www.meikei-inter-eng.com/
Courses: https://www.meikei-inter-eng.com/%E8%A4%87%E8%A3%BD-courses
How to apply: https://www.meikei-inter-eng.com/how-to-apply
School Prospectus: https://www.meikei.ac.jp/s/wp-content/uploads/2019/03/School_Prospectus_English.pdf



 

 2025-11-03
EJU Exam Preparation (In Person) အတန်းသစ်
visitors :      231,330