တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်ထားသူများ ဂျပန်ပညာရေး လမ်းကြောင်းပေါ် တည့်မတ်စွာ လျှောက်လှမ်းနိုင်ရန် လမ်းညွှန်ပေးမည့် Seminar
◾ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်မြင်ပြီး ကျောင်းသား၊ ကျောင်းသူများ မိမိတို့နှင့် ကိုက်ညီမည့် ပညာရေးလမ်းကြောင်းအား မှန်မှန်ကန်ကန် ရွေးချယ်နိုင်စေရန်နှင့်၊ ဂျပန်ထိပ်တန်းတက္ကသိုလ်များသို့အရောက် ချဉ်းကပ်နိုင်မည့် နည်းဗျူဟာများ သိရှိနိုင်ရန်အတွက် Okayama University Japan Educational Information Center (OJEIC) နှင့် MAJA Education Centre (MEC) တို့ ပူးပေါင်းကာ “EJU Online Seminar” ကို မကြာခင် ကျင်းပပေးသွားမည်ဖြစ်ပါသည်။
Seminar မှာ ဘယ်လိုမျိုး အကြောင်းအရာတွေပါဝင်သွားမှာလဲ ?
❇️ ဂျပန်မှာ ကျောင်းတက်ချင်ပေမယ့် ကျောင်းရွေးချယ်မှု မမှားရလေအောင် ဆောင်ရန်/ရှောင်ရန်များနှင့် ဂျပန်တက္ကသိုလ် အချက်အလက်များဆိုင်ရာ အကြောင်းအရာများအား
⭐️ OJEIC မှ “Dr. Thu Thu Nwe Aye” ⭐️ မှ ဆွေးနွေးပေးမည့် အစီအစဉ်၊
❇️ ဂျပန်တက္ကသိုလ်ဝင်ခွင့်အတွက် အရေးပါသည့် EJU အကြောင်းကို ပြည့်ပြည့်စုံစုံ သိရှိနိုင်ရန်
⭐️ MAJA ရဲ့ Secretary (Education) တစ်ဦးဖြစ်သူ Sensei Daw Kay Zin Wint (Mosar Kay) ⭐️ မှ ရှင်းလင်းပြောကြားပေးမည့် အစီအစဉ်တို့ ပါဝင်သွားမှာဖြစ်ပြီး
မြန်မာတစ်နိုင်ငံလုံး ✨ ဂုဏ်ထူး ၄ ဘာသာနှင့်အထက်ရသူ (သို့) အမှတ်ပေါင်း ၄၅၀ နှင့်အထက်ရထားသူများ ✨ အတွက် MAJA Education Centre တွင် EJU အတန်းအား “သင်တန်းကြေး ကင်းလွတ်ခွင့်” ဖြင့် (အခမဲ့) လျှောက်ထားတက်ရောက်နိုင်မည့် အကြောင်းလည်း အသေးစိတ်နားထောင်ခွင့်ရရှိမှာဖြစ်ပါသည်။
ထို့ကြောင့် အထက်တန်းအောင်မြင်ပြီး ထူးချွန်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ ပညာရေးအနာဂတ်အတွက် အရေးပါလှသော အခွင့်အရေးကြီးအား လက်လွှတ်မခံဘဲ အောက်ပါ Google Form မှတဆင့် Seminar အား စာရင်းပေးသွင်းကာ တက်ရောက်နိုင်ကြပြီဖြစ်ပါသည်။
► EJU Seminar အွန်လိုင်းအစီအစဉ်
နေ့ရက် ။ ။ ဇူလိုင်လ ၁၀ ရက်၊ ၂၀၂၆ ခုနှစ် (သောကြာနေ့)
အချိန် ။ ။ နေ့လယ် ၁ နာရီမှ နေ့လယ် ၃ နာရီအထိ
နေရာ ။ ။ Via ZOOM App
♦ စာရင်းပေးသွင်းလျှောက်ထားရန်လင့်] - https://forms.gle/DsQ9kJ5rRPfvfezC6
♦ Seminar နှင့် သင်တန်းများအကြောင်း စုံစမ်းရန် >> 09 428 613 848
(တနင်္လာနေ့မှ သောကြာနေ့) (စနေ၊ တနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက်များမပါ)
♦ လိပ်စာ - အမှတ် (၄၄၀/ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ သစ္စာလမ်းမအနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ်ဟောင်းမှတ်တိုင်အနီး၊ တောင်ဥက္ကလာ တရားရုံးဘေးလမ်း)
♦ Telegram Channel : https://t.me/majaeducentre
♦ Tiktok : https://www.tiktok.com/@majaeducationcent8?_r=1&_t=ZS-93CHQRo9TwG
