လူငယ်တွေအတွက် ဂျပန်နည်းပညာနဲ့ IT အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မယ့် အခွင့်အလမ်းဆွေးနွေးပွဲ (ဒုတိယအကြိမ်)
မြန်မာနိုင်ငံမှာနေရင်းနဲ့ ဂျပန်တက္ကသိုလ်ဘွဲ့ကို တိုက်ရိုက်ရယူပြီး ကမ္ဘာ့အဆင့်မီ IT ပညာရှင်တစ်ဦး ဖြစ်လာချင်ပါသလား?
ဂျပန်နိုင်ငံရဲ့ နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ Okayama University of Science (OUS) ရဲ့ အရည်အသွေးမြင့် ပညာရေးကို မြန်မာနိုင်ငံကနေ တိုက်ရိုက်ဆည်းပူးနိုင်မယ့် အခွင့်အရေးကြီး ရောက်ရှိလို့ လာပါပြီ။
✨ပထမအကြိမ် ဆွေးနွေးပွဲမှာ မတက်ရောက်လိုက်ရတဲ့ ကျောင်းသားတွေနဲ့ မိဘတွေအပြင် ပထမအကြိမ် ဆွေးနွေးပွဲတက်ရောက်ပြီး ပိုမိုပြည့်စုံတဲ့ အချက်အလက်များကို သိရှိလိုသူများအတွက် ပိုမိုစုံလင်တဲ့ Information တွေနဲ့အတူ ဒုတိယအကြိမ် Online Seminar ကို ထပ်မံကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
✨ဒါ့အပြင် ဒီဆွေးနွေးပွဲကို တက်ရောက်ထားသူများထဲမှ Okayama University ရဲ့ IT Programme အတွက် ကျောင်းအပ်နှံတဲ့အခါ Study Grant (ကျောင်းလခသက်သာခွင့်) တွေလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။
မြန်မာ-ဂျပန် ပညာရေးလောကမှာ အစဉ်အလာကြီးမားတဲ့ MAJA အဖွဲ့အစည်း၊ ဂျပန်နိုင်ငံရဲ့ Okayama University of Science (OUS) နဲ့ CTCi တို့ ပူးပေါင်းပြီး IT Professional ဖြစ်ချင်တဲ့ လူငယ်တွေရဲ့ အနာဂတ်အလှည့်အပြောင်း Hybrid Learning Model အကြောင်းကို စနစ်တကျ ရှင်းလင်းပြောကြားပေးမှာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကနေ ဘယ်လိုအချက်အလက်တွေ သိရမလဲ?
► Information Systems, AI, Data Science နဲ့ Digital Game & Media ဘာသာရပ်များရဲ့ အနာဂတ်စျေးကွက် လမ်းကြောင်းများ။
► မိမိအခြေအနေအလိုက် မြန်မာမှာ (၂) နှစ် + ဂျပန်မှာ (၂) နှစ် သို့မဟုတ် (၄) နှစ်လုံး မြန်မာနိုင်ငံမှာတင် တက်ရောက်ပြီး ဂျပန်တက္ကသိုလ်ဘွဲ့ တိုက်ရိုက်ရယူနိုင်မယ့် လမ်းကြောင်းများ။
► IT Engineer အတန်းကို ဂျပန်နိုင်ငံမှ တိုက်ရိုက်သင်ကြားပြီး CTCi က အနီးကပ် Onsite ပံ့ပိုးပေးမည့်အပြင် Okayama University က တိုက်ရိုက် Assessment စစ်ဆေးပေးမယ့် အဆင့်မြင့်စနစ်။
► ဘွဲ့ရရှိပြီးပါက ဂျပန်နိုင်ငံရှိ High-Specification IT Engineer အဖြစ် ကုမ္ပဏီကြီးများတွင် တိုက်ရိုက်ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းနှင့် စနစ်တကျ ချိတ်ဆက်ဆောင်ရွက်ပေးမှုများ အစရှိတဲ့ မိဘများနဲ့ ကျောင်းသားကျောင်းသူများ သိလိုသမျှ မေးခွန်းများကို ပွင့်ပွင့်လင်းလင်း တိုက်ရိုက်မေးမြန်းဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။
အသက် ၁၆ နှစ် အထက် ဂျပန်နိုင်ငံရဲ့ IT နယ်ပယ်သို့ လှမ်းတက်နိုင်မယ့် ဒီအခွင့်အရေးကို လေ့လာနိုင်ဖို့ လူဦးရေကန့်သတ်ထားတဲ့အတွက်ကြောင့် အမြန်ဆုံး Register ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
⇒ ရက်စွဲ - ၁၂ရက် ဇူလိုင်လ၊ ၂၀၂၆။ (တနင်္ဂနွေနေ့)
⏰အချိန် - နေ့လယ် ၁း၀၀ နာရီ မှ ၂း၃၀ နာရီ အထိ။
⇒ Zoom Seminar
စာရင်းပေးသွင်းရန် - https://forms.cloud.microsoft/r/zUraa3Y6FH
⇒ အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက CTCi ရဲ့ ဖုန်းနံပါတ် - 09-954005959 သို့ တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
