JLPT 2021 (December) စာမေးပွဲအတွက် လျှောက်လွှာ ဒုတိယအကြိမ် ခေါ်ယူရန် ကြေငြာခြင်း။
JLPT 2021 (December) စာမေးပွဲအတွက် လျှောက်လွှာများကို 20.8.2021 ရက်နေ့တွင် Online Application စနစ်ဖြင့်ခေါ်ယူခဲ့ပါသည်။ ယခုလျှောက်လွှာများစစ်ဆေးပြီးချိန်တွင် တကြိမ်ထက်ပိုတင်သွင်းထားသော လျှောက်လွှာများနှင့် မပြည့်စုံသောလျှောက်လွှာများအများအပြားရှိပါသဖြင့် ဒုတိယအကြိမ်ခေါ်ယူသွားမည် ဖြစ်ပါသည်။ ဖြေဆိုသူဦးရေအနည်းငယ် ဖြင့်သာကျင်းပသွားနိုငမည်ဖြစ်ပါသောကြောင့် စာမေးပွဲအောင်မြင်ရန် အမှန်တကယ်လိုအပ်ချက်ရှိသူများသာ လျှောက်ထား ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(လျှောက်လွှာနှင့် လျှောက်ထားရန် လမ်းညွှန်မှာအောက်ပါ Link တွင် ဖော်ပြထားသောပထမအကြိမ် ခေါ်ယူခြင်း လမ်းညွှန်အတိုင်း ဖြစ်ပါသည်။)
https://ascoja-maja.org.mm/frontend/jlptDetail/54
ဒုတိယအကြိမ်ခေါ်ယူခြင်း Level တခုချင်းစီအတွက်လူဦးရေကိုအောက်ပါအတိုင်းသတ်မှတ်ထားပါသည်။
Yangon N3 ၁၃၀ ဦး
Yangon N4 ၄၇၆ ဦး
Mandalay N3 - ၂၂ ဦး
Mandalay N4 - ၁၆၉ ဦး
လျှောက်ထားမှုစတင်လက်ခံမည့်ရက်နှင့်အချိန်
ဩဂုတ္လ (၂၇)ရက် နေ့လည်(၃) နာရီ
လျှောက်လွှာ Download လုပ်ရန်
https://ascoja-maja.org.mm/upload/pdf/JLPT_Application_Form_2021B_(writable).pdf
Online Application လုပ်ရန် Google Link (ပထမအကြိမ်နှင့်မတူပါ)
ဩဂုတ္လ (၂၇)ရက်နံနက်ပိုင်းတွင် ဒုတိယအကြိမ်လျှောက်လွှာအတွက် ထပ်မံကြေငြာချက်နှင့်အတူ ထည့်သွင်းပေးပါမည်။
မှတ်ချက်များ
(၁) ပထမအကြိမ်ခေါ်ယူချိန်တွင် လက်ခံရရှိထားသော လျှောက်လွှာများအားစစ်ဆေးပြီးချိန်တွင် ဖြည့်သွင်းရသော
အချက်အလက်များ၊ ပူးတွဲတင်ပြရသောအချက်အလက်များမပြည့်စုံသဖြင့် reject ဖြစ်သည့်သူများအားViber (သို့မဟုတ်)
Phone ဖြင့်ဆက်သွယ်အကြောင်းကြားထားပြီးဖြစ်ပါသည်။ MAJA မွ တစုံတရာဆက်သွယ်မှုမရရှိသူများမှာ Application form Confirm ဖြစ်သူများဖြစ်ပါသည်။
(၂) ယခုအကြိမ်ခေါ်ယူခြင်းတွင် Cancel ဖြစ်ကြောင်းဆက်သွယ်ခြင်းလက်ခံရရှိထားသောသူများနှင့်အတူပထမအကြိမ်တွင် လျှောက်လွှာမတင်လိုက်ရသောသူများလည်းလျှောက်ထားနိုင်မည်ဖြစ်ပါသည်။ Application Form Confirm ဖြစ်သူများ ထပ်မံလျှောက်ထားရန်မလိုအပ်ပါ။
(၃) Email အကောင့်တခုမှ တစ်ကြိမ်သာလက်ခံရန်ပြုလုပ်ထားပါသဖြင့် သေချာစွာစစ်ဆေးပြီး ပြည့်စုံသော လျှောက်လွှာကိုသာ ပေးပို့ပေးပါရန် အသိပေးအပ်ပါသည်။
(၄) Application Form Confirm ဖြစ်သူများအား ငွေပေးသွင်းရန် Invoice No များကိုလည်းViber No/ ဖုန်းနံပါတ် များသို့ပေးပို့သွားပါမည်။ ပထမအကြိမ်လျှောက်ထားခြင်းတွင် လျှောက်လွှာလက်ခံထားသူ (Application Confirmed)မ်ားအား Invoice Number အားစတင်ပေးပို့လျှက်ရှိနေပါပြီ။
မေးမြန်းလိုပါက-
09-428613848, 09-962751373 သို့ရုံးချိန်အတွင်းဆက်သွယ်နိုင်ပါသည်။
JLPTကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)